စတူဒီယိုဇန်း သမိုင်း
စတူဒီယိုဇန်း အနုပညာပြခန်းကို Pantini Chamnianwaiနှင့် Nitaya Eaariewkulတို့မှ ၁၉၉၅ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ Pantiniမှာ အနုပညာကို စိတ်ဝင်စားခဲ့သော်လည်း အနုပညာ ဖန်တီးခြင်းသည် တန်ဖိုးမရှိဟု မိဘများမှ ယူဆသောကြောင့် အနုပညာ သင်ကြားလေ့လာရန် အခွင့်အရေး မရရှိခဲ့ပေ။ ခေတ်ပေါ်အနုပညာရှင် Nitayaမှာမူ အနုပညာဖြင့် မိမိကိုယ်ကိုဖော်ဆောင်ခြင်းသည် လက်ရှိမျိုးဆက်ကာလအတွင်း ရန်မူသည့်ခံစားချက်များကို လျှော့ချရာ၌ အရေးကြီးသောအရာဟု ထင်မြင်သူ ဖြစ်လေသည်။ ဤသို့ဖြင့် စတူဒီယိုဇန်း ပြခန်းသည် လူငယ်များနှင့် အတွေ့အကြုံရှိသော အနုပညာရှင်များ ဆုံဆည်းရာနေရာတစ်ခု ဖြစ်လာသကဲ့သို့ တစ်ဦးကို တစ်ဦးလည်း ထောက်ပံ့ပေးလာခဲ့သည်။ ထို့နောက် ထိုလှုပ်ရှားမှုများသည် ကလေးငယ်များ၊ လူငယ်များအတွက် အနုပညာသင်တန်းများအဖြစ် ပြောင်းလဲလာခဲ့လေသည်။ စိန့်ဂျွန်နိုင်ငံတကာကျောင်း၊ ရှေ့ဦးရင်သွေးငယ် ဖွံ့ဖြိုးမှု စင်တာ၊ အကစင်တာစသည့် ဘန်ကောက်မြို့နေရာအနှံ့နှင့် စရာဘူရီဒေသရှိ ရင်သွေးငယ်ဖွံ့ဖြိုးမှု ရာချာဒမီ စင်တာတို့၌ ကလေးများအတွက် ပထမဆုံး အနုပညာသင်တန်းများကို ပြုလုပ်ခဲ့ပါသည်။
စတူဒီယိုဇန်း၏ရုံးခွဲကို ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်မြို့ (ဇင်းမယ်မြို့)တွင် ၂၀၀၀ခုနှစ်၌ တည်ထောင်ခဲ့သည်။ စတူဒီယိုဇန်း ချင်းမိုင်ရုံးခွဲ၏ ဒါရိုက်တာမှာ ချင်းမိုင်တက္ကသိုလ် အနုပညာဌာနမှ ပါမောက္ခဖြစ်သော သရုပ်ဖော် အနုပညာရှင် Padungsak Kojasamrongဖြစ်ပါသည်။
၂၀၀၂ခုနှစ်တွင် စတူဒီယိုဇန်း ချင်းမိုင်မှ E.Cohenny၏ ဦးဆောင်မှုဖြင့် ရွှေ့ပြောင်းအခြေချ ကလေးငယ်များအတွက် အနုပညာစီမံကိန်း (Art for Migrant Children Project - AMCP)ကို တိုးချဲ့ခဲ့ပါသည်။ ထိုစီမံကိန်းမှာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအုပ်စုများရှိ ကလေးငယ်များ၏ လိုအပ်ချက်၊ စိတ်ဝင်စားမှုများအတွက် တုံ့ပြန်ပေးမှုတစ်ခု ဖြစ်ပြီး ၂၀၀၃ခုနှစ်တွင် ရုပ်လုံးဖော်နိုင်ခဲ့ပါသည်။ AMCP၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများသည် ရွှေ့ပြောင်း အုပ်စုများ၊ ဒေသခံလူထုများမှ ဖြစ်ပါသည်။
စတူဒီယိုဇန်း ဘန်ကောက်နှင့် ချင်းမိုင်တို့သည် အမြတ်အစွန်းအတွက် မရည်ရွယ်သော၊ ကိုယ်တိုင် ငွေကြေး ထောက်ပံ့သည့် အဖွဲ့အစည်းဖြစ်သော်လည်း AMCPစီမံကိန်းကိုမူ အလှူရှင်များ၊ တစ်ဦးချင်း လှူဒါန်းမှုများဖြင့် ငွေကြေးထောက်ပံ့ထားခြင်း ဖြစ်ပါသည်။ ယခုနှစ်များအတွင်း AMCPစီမံကိန်းအား ငွေကြေးထောက်ပံ့ပေးသော လုပ်ဖော်ကိုင်ဖက်များမှာ Burmese Relief Center၊ Burma Project၊ Foundation for People of Burma - ဆန်ဖရန်စစ္စကိုနှင့် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီ (International Rescue Committee/ Shield - USAID)တို့ ဖြစ်ပါသည်။