စတူဒီယိုချန်း၏ရွှေ့ပြောင်းအခြေချကလေးများအတွက်အနုပညာစီမံကိန်း
ဤစီမံကိန်း၏ အဓိကလှုပ်ရှားမှုမှာ မြန်မာပြည်မှ ရွှေ့ပြောင်းကလေးများအတွက် အခမဲ့ အပတ်စဉ် အနုပညာ သင်တန်းများပေးခြင်းပင် ဖြစ်ပါသည်။ စတူဒီယိုချန်း၏ သင်ကြားရေးပုံစံမှာ ကျောင်းသင်ရိုးညွှန်းတမ်းတွင်မပါဝင်သော အနုပညာသင်ခန်းစာများကို ကျောင်းချိန်ပြင်ပတွင်သင်ကြားပေးခြင်း ဖြစ်ပါသည်။ သင်ကြားမှု အခြေအနေများသည် ကျွန်ုပ်တို့ လုပ်ကိုင်သော လူထုအဖွဲ့၏နေထိုင်မှု အနေအထားပေါ်တွင်မူတည်သည်။ ကျွန်ုပ်တို့ သည် ရွှေ့ပြောင်းအလုပ်သမားများစခန်း၊ ဒုက္ခသည်စခန်း၊ အခြားမည့်သည့်စည်ပင်နယ်မြေ များတွင် သင်ကြားသည့်ဖြစ်စေ ကျွန်ုပ်တို့၏ သင်ကြားရေးနည်းလမ်းနှင့် အသေးစိတ် အစီအစဉ်များကို အမြဲပြင် ဆင်လေ့ရှိပါသည်။ ကျွန်ုပ်တို့ အနေဖြင့် “သွားလာရေး၊ သင်ကြားရန်ရာနေရာ၊ ပစ္စည်းများသိမ်းဆည်းရန်နေရာ၊ ရေနှင့်မီး ရရှိနိုင်ရေး (သို့မဟုတ်) သစ်ပင်များစိုက်ပျိုးရန် မြေနေရာရရှိရေးတို့အတွက် အခက်အခဲ ရှိနိုင်ပါသည်။ မိဘများနှင့် ဒေသခံလူ့အဖွဲ့အစည်း၏ ထောက်ပံ့ကူညီမှုသည် ကလေးများ အနုပညာ သင်ယူရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် များစွာကူညီမှုပြုပါသည်။ ထို့ကြောင့် AMCPစီမံကိန်း၏လုပ်ငန်းများသည် ပူးပေါင်းလုပ်ဆောင်မှုနှင့် မျှဝေပိုင်ဆိုင်မှုပင်ဖြစ်သည်။
AMCP သင်တန်းများကို ချင်းမိုင်မြို့၊ မဲဆောက်မြို့၊ မယ်လဦးနှင့် ကုန်းကျော် ဒုက္ခသည်စခန်းများတွင် ပြုလုပ်လျက် ရှိပါသည်။ အပတ်စဉ်တိုင်း ကလေးဦးရေ(၄၀၀)ကျော်ကို သင်တန်း(၂၁)ခုတွင် သင်ကြားပေးနေပါသည်။ ပုံမှန်အားဖြင့် ပြင်ပထွက်ခွင့်မရသော ဒုက္ခသည်စခန်းများမှကလေးများမှအပ ကျန်ကလေးငယ်များအတွက် လေ့လာရေးခရီးများကိုလည်း ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့သသည် ဒုက္ခသည်စခန်းများမှအပ အခြားနေရာတစ်ခုစီတွင် ၂နှစ်-၃နှစ် တိုင် လုပ်ကိုင်ခဲ့ဖူးပါသည်။
ချင်းမိုင်မြို့ စတူဒီယိုချန်း၏ ရော့ချန်းကား(Rot Xang)သည် ရွေ့လျားစာကြည့်တိုက်နှင့် ပြင်ပကစားကွင်း သဖွယ်ဖြစ်ပါသည်။ ရော့ချန်းကားသည် အနုပညာအတန်းများ ပြီးဆုံးပြီးသော နေရာများ နှင့် စတူဒီယိုချန်းလုပ်ငန်းများကို မိတ်ဆက်ပေးနိုင်ရန်အတွက် သင်တန်းများ မစတင်ရသေးသည့် နေရာများသို့ သွားရောက်လေ့ရှိပါသည်။
ဆရာ၊ဆရာမများအား အနုပညာသင်ကြား လေ့ကျင့်ပေးခြင်းသည် ကျွန်ုပ်တို့အလုပ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ရွှေ့ပြောင်း၊ ဒုက္ခသည်နှင့် ဒေသခံလူငယ်များ၊ အနုပညာသင်တန်းတက်ရောက်ဖူးသောသူများနှင့် သင်တန်းမတက်ရောက်ဖူးသေးသောသူများအတွက် ရက်တို ဆရာဖြစ်သင်တန်းများကို နှစ်စဉ်ကျင်းပလေ့ ရှိပါသည်။ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ ပုံမှန်လေ့ကျင့်ခြင်းများ သည် စေတနာ့ဝန်ထမ်းဟောင်း များနှင့် စေတနာ့ဝန်ထမ်း အသစ်များ၏ သင်ကြားမှု စွမ်းရည်များကို အထောက်အပံ့ ပေးပါသည်။ အထက်တွင်ဖော်ပြသကဲ့သို့ ကျွန်ုပ်တို့သည် တွေ့ဆုံဆွေးနွေးပွဲများ၊ မိဘအလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် မိဘများနှင့် နီးကပ်စွာ ဆောင်ရွက်လုပ်ကိုင်လေ့ရှိပါသည်။
သုံးလတစ်ကြိမ် သတင်းစဉ်ထုတ်ဝေပြီး ဆရာ၊ ဆရာမများအတွက် ရင်သွေးငယ်ဖွံ့ဖြိုးမှု အနုပညာအကြောင်း ဆရာလက်စွဲစာအုပ်အား ကရင်၊ ထိုင်း၊ ဗမာ၊ ရှမ်း၊ အင်္ဂလိပ်စသည့် ဘာသာစကားများနှင့် ထုတ်ဝေပြီး ဖြစ်သည်။ ဒေသခံလူထုနှင့် အလုပ်လုပ်ကိုင်နိုင်ရန် အသုံးချပြဇာတ် လက်စွဲစာအုပ်ကိုလည်း ဘာသာစကားနှစ်မျိုး (ဗမာ၊ ရှမ်း)ဖြင့် ထုတ်ဝေပြီး ဖြစ်ပါသည်။
ကလေးငယ်များ၏ အောင်မြင်ပြီးစီးမှုများကို ဂုဏ်ပြုရန်နှင့် ဒေသခံ ထိုင်းလူ့အဖွဲ့အစည်းတွင် ရွှေ့ပြောင်းအခြေချ ကလေးငယ်များ၏ ပညာရေး၊ စိတ်ခံစားမှု လိုအပ်ချက်များကို သတိထားမိစေရန် စီမံကိန်းနေရာ တစ်ခုစီတိုင်း၌ ရင်သွေးငယ် အနုပညာပြပွဲများကို စတူဒီယိုဇန်းမှ နှစ်စဉ်ကျင်းပလေ့ရှိပါသည်။
၂၀၀၉-၂၀၁၀ခုနှစ်များတွင် စီဒီများထုတ်ဝေခြင်း၊ လူငယ်အစီအစဉ်၊ နွေရာသီစခန်း၊ ဈေးဆိုင်ခန်းနှင့် အလုပ်သင် အစီအစဉ် အပါအ၀င် လှုပ်ရှားမှုအသစ်များကို ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။