ဟိုးရှေးရှေးတုန်းက မြို့လေးတစ်မြို့မှာ
အဖိုးအိုကြီးတစ်ယောက် နေထိုင်ပါတယ်။
အဲဒီအဖိုးအိုဟာ စက်ချုပ်တတ်ပေမယ့် အလွန်ဆင်းရဲတဲ့အတွက်
တချို့တွေကသူ့ကို
ခွဲခြားဆက်ဆံကြတယ်။ အနိုင်ကျင့်ကြပါသတဲ့။
အဖိုးအိုကြီးတစ်ယောက် နေထိုင်ပါတယ်။
အဲဒီအဖိုးအိုဟာ စက်ချုပ်တတ်ပေမယ့် အလွန်ဆင်းရဲတဲ့အတွက်
တချို့တွေကသူ့ကို
ခွဲခြားဆက်ဆံကြတယ်။ အနိုင်ကျင့်ကြပါသတဲ့။
တနေ့မိုးချုပ်တဲ့အချိန်မှာတော့ အဖိုးအိုက
သူ့စက်နဲ့အင်္ကျီတစ်ထည်ကိုချုပ်ပြီး
တောထဲကိုထွက်သွားလိုက်ပါတယ်။
သူတောထဲကိုရောက်သွားတော့ ညအချိန်ကလဲဖြစ်
နားခိုစရာကလဲ တစ်နေရာမှကို မရှိတော့
အဖိုးအိုတစ်ယောက်တည်း အေးကလဲအေး၊
ခြင်တွေဖြုတ်တွေကလဲကိုက်။
သူ့ကိုကူညီနိုင်မယ့် လူတစ်ဦးမှလဲမရှိဘူးတဲ့ကွယ်။ ဒီလိုနဲ့
တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားတော့ အဖိုးအိုဟာ အစာ
မစားရ၊ ကောင်းကောင်းမအိပ်ရနဲ့ပိန်လှိန်ချည့် နှဲ့
သွားပါတော့တယ်။

တနေ့မှာတော့ ရွာမှာမနေချင်တော့လို့ မြို့ကိုသွားဖို့
တောအုပ်လမ်းကိုဖြတ်လာတဲ့ သဒါးဆိုတဲ့ မိန်းကလေး
တစ်ယောက်ကအဖိုးအိုကိုတောအုပ်ထဲမှာ တွေ့သတဲ့။
အဖိုးအိုရဲ့ ပိန်လဲပိန်၊ ချည့်နှည့်နေပြီး သနားစရာကောင်းတဲ့
အဖြစ်တွေကို တွေ့နေရတဲ့အပြင် အဘိုးအိုက
သူ့ကိုကူညီပေးဖို့ သဒါးဆီမှာအကူညီတောင်းတော့
သဒါးကလဲ သနားစရာကောင်းတဲ့ အဖိုးအိုကို အကူအညီပေးဖို့
ဆုံးဖြတ်လိုက်ပါတယ်။

ပထမဆုံးတော့ ချမ်းတုန်နေတဲ့အဖိုးအိုကို
သူ့ဆီမှာပါတဲ့ ခြုံစောင်တစ်ထည်ကို ပေးပြီး
ခြုံပေးလိုက်ပါတယ်။ အဖိုးအိုက စောင်ကိုခြုံပြီး
နွေးထွေးသွားစေဖို့ပါ။ နောက်သူ့မှာပါလာတဲ့
စားစရာအချို့ကိုလဲ အဖိုးအိုကို ကျွေးလိုက်ပါတယ်။
အဖိုးအိုနေဖို့ အိမ်တစ်လုံးကိုလဲ ဆောက်ပေးပါတယ်။
သဒါးဟာ အဖိုးအိုကိုအကူအညီပေးနေရတဲ့အတွက်
မြို့ကိုတောင်သွားလို့မရသေးဘဲ တောထဲမှာပဲ နေနေရတာပေါ့။
သဒါးဟာ အဖိုးအိုကိုအကူအညီပေးနေရတဲ့အတွက်
မြို့ကိုတောင်သွားလို့မရသေးဘဲ တောထဲမှာပဲ နေနေရတာပေါ့။
ဒီလိုနဲ့နေကောင်းလာတဲ့ အဖိုးအိုက သူ့ကို
ကူညီစောင့်ရှောက်ပေးခဲ့တဲ့ သဒါးကိုအရမ်း
ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့
သူတောထဲကို မထွက်လာခင်က ချုပ်ပြီး
ယူလာခဲ့တဲ့ အင်္ကျီအ၀ါရောင်ကို
လက်ဆောင်ပေးပါတယ်။သူ့ရဲ့အင်္ကျီဟာ လိုချင်တာကို ဆင်းရယူနိုင်တဲ့
မှာ်အင်္ကျီဖြစ်ပြီး သူ့ကို
အထင်မြင်သေးတဲ့ ခွဲခြားဆက်ဆံတဲ့ ပတ်ဝန်းကျင်မှာ ဒီအင်္ကျီနဲ့ တကယ်ထိုက်တန်တဲ့
သူကိုတွေ့ရဖို့အတွက် ခက်ခဲလှတာမို့ အခုလိုတောထဲကို ထွက်လာခဲ့တာဖြစ်ပါတယ်။ အခုလို သူ့ရဲ့ကျေးဇူးရှင်လဲဖြစ်၊ စိတ်ထားလဲကောင်းတဲ့ သဒါးက ဒီမှော်အင်္ကျီ လေးနဲ့ အသင့်တော်ဆုံးလူဖြစ်လို့  အကျိုးရှိစွာအသုံးချပါလို့ ပြောပြီး သဒါးရဲ့လက်ထဲကို ထည့် ပေးလိုက်ပါတယ်။

ဒီလိုနဲ့သဒါးလေးဟာ အဖိုးအိုဖြစ်စေချင်တဲ့
ကိုယ်ကျိုးကိုမကြည့်ဘဲ အများကောင်းကျိုးကို
သယ်ပိုးဆောင်ရွက်ပါ့မယ်လို့ အဖိုးအိုကို
ကတိပေးပြောကြားခဲ့ပြီး အဖိုးကိုကန်တော့ကာ
နှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ်။အဲဒီချိန်ကစလို့
သဒါးလေးဟာ အင်္ကျီကနေ
ရလာတဲ့ စွမ်းအားတွေနဲ့
လူဆိုးသူခိုးဓါးပြတွေနဲ့ ခါးပိုက်နှိုက်တွေကို နှိမ်နှင်းပါတယ်။
မရှိဆင်းရဲသားတွေနဲ့ အကာကွယ်မဲ့နေတဲ့ သူတွေကို
အဲဒီလိုလူမျိုးတွေရန်ကနေ ကာကွယ်ပေးတာ ဖြစ်ပါတယ်။

အားနွဲ့တဲ့သူတွေကို ကူညီစောင့်ရှောက်ပေးတဲ့
သဒါးမှာ မှော်ဝတ်စုံရှိတယ်ဆိုတာကို လူအနည်းငယ်လောက်ကသာ
သိကြပါတယ်။ သူတို့တွေအားလုံးဟာ
သဒါးကို သူရဲကောင်းအဖြစ်
စံနမူနာထားပြီး သူတို့ရဲ့ကလေးတွေကို
လူတော်လူကောင်းဖြစ်အောင်
ပြောဆိုဆုံးမလေ့ရှိကြပါတယ်။
သဒါးမှာ မှော်ဝတ်စုံရှိတယ်ဆိုတာကို လူအနည်းငယ်လောက်ကသာ
သိကြပါတယ်။ သူတို့တွေအားလုံးဟာ
သဒါးကို သူရဲကောင်းအဖြစ်
စံနမူနာထားပြီး သူတို့ရဲ့ကလေးတွေကို
လူတော်လူကောင်းဖြစ်အောင်
ပြောဆိုဆုံးမလေ့ရှိကြပါတယ်။
သဒါးဆိုတဲ့ မိန်းကလေးကတော့ သူ့ရဲ့မှော်ဝတ်စုံကို
ဝတ်ထားရင်းနဲ့ လောကကြီးက လူတွေအားလုံး
ခွဲခြားဆက်ဆံမှုမရှိတဲ့ ၊ ကောင်းကောင်းမွန်မွန်နေနိုင်တဲ့
လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် အမြဲတမ်း
သတိမပြတ်နဲ့ အသက်ထက်ဆုံး
ကူညီလုပ်ဆောင်ပေးနေပါတော့တယ်။
ဝတ်ထားရင်းနဲ့ လောကကြီးက လူတွေအားလုံး
ခွဲခြားဆက်ဆံမှုမရှိတဲ့ ၊ ကောင်းကောင်းမွန်မွန်နေနိုင်တဲ့
လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် အမြဲတမ်း
သတိမပြတ်နဲ့ အသက်ထက်ဆုံး
ကူညီလုပ်ဆောင်ပေးနေပါတော့တယ်။