စတူဒီယိုချန်းစဉ်းစားမြော်မြင်ချက် တာဝန်များနှင့် ရည်မှန်းချက်များ
စတူဒီယိုချန်းသည် ပန်းချီအနုပညာကို အသုံးချသည့် ကလေးငယ်များဖွံ့ ဖြိုးမှုဆိုင်ရာ တမူကွဲပြားသောပုံစံတခုဖြစ်ပါလိမ့်မယ်။
ခံယူချက်များ
စတူဒီယိုချန်းခံယူချက်မှာ ပန်းချီအနုပညာအလေ့အကျင့်သည် ကလေးသူငယ်များဖွံ့ ဖြိုးမ၏ အဓိကကျသော လက်နက်ကိရိယာတစ်ခုဖြစ်သည်ဆိုသည့် အချက်ကို ဒေသခံလူ့ အဖွဲ့ အစည်းအသိုင်းအ၀န်း၊ ဒေသဆိုင်ရာနှင့် နိုင်ငံတော်ဆိုင်ရာ ပညာရေးဋ္ဌာနများက အသိအမှတ်ပြုလာရေးကို ရှေ့ ရူပြီးဆောင်ရွက်ဖို့ ဖြစ်ပါ သည်။ စတူဒီယိုချန်းသည် အနုပညာရပ်ကို ကွဲပြားခြားနားသော လူ့ အသိုင်းအ၀ိုင်းများအကြားပေါင်းကူးအဖြစ်ရွေးချယ်ပါသည်။ ကလေးငယ်များ၏ အရည်အသွေး အပေါ် နားလည်သဘောပေါက်မူကိုဖြန့်ကျက်ရန်အတွက်လည်း ပန်းချီအနုပညာရပ်ကို ရွေးချယ်ခြင်းဖြစ်ပါသည်။
စတူဒီယိုချန်း၏ရည်မှန်းချက်မှာ ရွေ့ ပြောင်းကလေးများသည် အခြားကလေးငယ်များနှင့် စွမ်းရည်ချင်းတူညီကြသည့်အလျောက် သူတို့ ၏နေထိုင်လုပ်ကိုင်မူဘ၀အခြေ အနေတိုးတက်အောင်လုပ်နိုင်ကြပြီး ၄င်းတို့ အရည်အသွေးအပြည့်အ၀ဖြင့် ကြီးပြင်းလာစေဖို့ ပင်ဖြစ်ပါသည်။
အဓိကတန်ဖိုးများ
၁။ ကျွန်ုပ်တို့ သည် ကလေးဗဟိုပြုသည့် ” အလုပ်ဖြင့်သင်ယူခြင်း” သင်ကြားနည်းများကို အသုံးပြုပြီးစကွုအမြင်ဆိုင်ရာအနုပညာရပ်များမှတဆင့် ကလေးဖွံ့ ဖြိုးလာစေခြင်းကိုယုံကြည်ကြပါသည်။ ၄င်းသင်ကြားနည်းများသည် ထုတ်ကုန်တစ်ခုကဲ့သို့  မခံယူပဲ သင်ယူမူဖြစ်စဉ်နှင့် သင်ယူမူအရည်အသွေးကိုသာ အလေးထားပါသည်။
၂။ ကျွန်ုပ်တို့ သည်၊ လိင်၊ ဘာသာရေး၊ လူမျိုး၊ လူတန်းစားကွဲပြားမူကို ဂရုမမူပဲ တရားဝင်အထောက်အထားစာရွက်စာတမ်းများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ (စိတ်ခံစားမူအရ၊ ရုပ်ခနာအရ၊ အသိညဏ်ပညာအရ၊ သိမြင်မူအရ ဖန်တီးနိုင်မူစွမ်းရည်အရနှင့် လူမူရေးအရ) ဘက်စုံဖွံ့ ဖြိုးစေရန် ကလေးငယ်အားလုံးသည် တန်းတူအခွင့်အရေးနှင့် အလားအလာများရှိကြသည်ဟု ယုံကြည်ကြပါသည်။
၃။ ကျွန်ုပ်တို့ သည်ရွေးပြောင်းကလေးများအနေဖြင့် ရွေ့ ပြောင်းနေထိုင်သူမဟုတ်သည့်ကလေးများကဲ့သို့ ပင် လေ့လာသင်ယူမူအခွင့်အလမ်းများတန်းတူရရှိရေးကို ယုံကြည်ကြပါသည်။
၎။ ကျွန်ုပ်တို့ သည် ယဉ်ကျေးမူမျိုးစုံဝါဒ ပြုစုပျိုးထောင်ပေးခြင်းကို ယုံကြည်ကြပါသည်။ အမျိုးမျိုးသောယဉ်ကျေးမူ၊ ဘာသာစကားနောက်ခံရှိကြသော ကလေးများကို လေးစားရမည်ကို ယုံကြည်ကြပါသည်။
၅။ ကျွန်ုပ်တို့ သည် ကလေးငယ်များ၏ ကိုယ်ရည်ကိုယ်သွေးများ သီးပွင့်လာစေရန်လုံခြုံသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရမည်ဟုယုံကြည်ပါသည်။
၆။ ကျွန်ုပ်သည်ကလေးများနှင့်ပတ်သက်လျှင် အကြမ်းမဖက်သည့်ချည်းကပ်နည်းကို ယုံကြည်ပါသည်။ ကလေးငယ်များအကြား၊ အကြမ်းမဖက်သည့် ပဋိပကွုဖြေရှင်းနည်းကို ကိုယ်၊ အမူရာအရဖြစ်စေ၊ နူတ်အမူအရာအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ အားပေးပြီးကလေးများ၏ ကျန်းမာရေးဖွံ့ ဖြိုးမူကိုလည်း အကျိုးသက်ရောက်စေသည်ဟု ယုံကြည်ကြပါသည်။