တစ်ခါက နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ဧပြီမိုးဟာ နေ့ရော ညပါ မနားရအောင်အလုပ်တွေကို အရမ်းနဲ့ကြိုးစားလုပ်ပါတယ်။ သူဟာအလုပ်တွေကို လုပ်ရင်းနဲ့ ဒီတစ်ခါသူ့ရဲ့အားလပ်ရက်မှာ ရက်အတော်ကြာကြာအပန်းဖြေခရီးထွက်ဖို့အတွက် တောထဲကို သွားဖို့ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောထဲမှာက လေကောင်းလေသန့်တွေနဲ့အတူ သဘာဝရှုခင်းတွေကို ကြည့်ရှုခံစားနိုင်သလို သူ့ကိုသိတဲ့သူတွေလဲ မရှိနိုင်တော့တဲ့အတွက် သူဟာ စိတ်ရောကိုယ်ပါ အနားယူနိုင်မှာဖြစ်လို့ပါတဲ့ကွယ်။
ဒီလိုနဲ့မင်းသမီးလေးဧပြီမိုးဟာ သူ့အားလပ်ရက်ရဲ့ နံနက်စောစောမှာပဲ တောထဲကိုသွားဖို့ တစ်ကိုယ်တည်းစတင်ထွက်ခွာလာခဲ့ပါတော့တယ်။ တောအုပ်ထဲကိုရောက်တော့ အေးမြလတ် ဆတ်တဲ့လေပြေလေးတွေနဲ့အတူ စိမ်းစိုနေတဲ့ သစ်ပင်ပန်းပင်တွေ၊ တောင်တန်းပြာပြာတွေ၊ အေးမြ နေတဲ့ ရေကြည်ရေစိမ်းစိမ်းလေးတွေကို သူဟာလမ်းတစ်လျှောက် ကြည့်ရှုခံစားခဲ့ပါတယ်။
ဧပြီမိုး
ဟာ တစ်နေ့လုံးတောအုပ်ထဲမှာ လမ်းလျှောက်သွားရင် သဘာဝရှုခင်းတွေကို ကြည့်ရှုနေလိုက်တာ
အချိန်ကုန်လို့ကုန်မှန်းမသိဘဲ ညနေစောင်းတောင်မှ ရောက်လာသတဲ့ကွယ်။ ဒါနဲ့သူဟာတောထဲ
မှာ သူတည်းခိုနေထိုင်ဖို့နေရာရှာရတော့တာပေါ့။ ကံကောင်းချင်တော့
သူရောက်နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပဲ လူနေအိမ်ကျဲကျဲလေးတွေကို တစ်အိမ်စ၊
နှစ်အိမ်စ သူတွေ့လိုက်သတဲ့။
ဧပြီမိုး ဟာ သူနဲ့အနီးဆုံးဖြစ်တဲ့ အိမ်လေးတစ်အိမ်ထဲကို
ဝင်သွားပြီး
“အိမ်ရှင်တို့ …… အိမ်ရှင်တို့” လို့လှမ်းအော်ခေါ်လိုက်တော့ အိမ်ထဲကနေ အသက်ကြီးပြီး အိုမင်း နေတဲ့ အဖိုးကြီးတစ်ယောက်နဲ့ အဖွားကြီးတစ်ယောက်ထွက်လာပြီး
“ဘာအရေးကိစ္စများရှိပါသလဲ မိန်းကလေး” လို့ အသံတုန်တုန်ချိချိနဲ့ သူ့ကိုမေးလိုက်ပါတယ်။ ဧပြီမိုးက
“သမီးက တစ်နယ်တစ်ကျေးက လာတဲ့သူဖြစ်ပါတယ် …… အခုဒီတောထဲမှာ ညအိပ်ညနေအတွက် တည်းခိုနေစရာ အိမ်မရှိလို့ အဖိုးနဲ့အဖွားတို့အိမ်မှာ နေထိုင်တည်းခိုခွင့်ပြုဖို့ ခွင့်လာတောင်းတာပါ” လို့ပြောလိုက်သတဲ့။
သဘောကောင်းတဲ့အဖိုးအိုတို့လင်မယားဟာ
“အေးကွယ် အဖိုးတို့အိမ်မှာတော့ အဖိုးနဲ့အဖွားနှစ်ယောက်ပဲရှိတယ် … သူငယ်မအနေနဲ့ ဆင်းရဲတဲ့ အဖိုးတို့အိမ်မှာ တည်းခိုနေနိုင်တယ်ဆိုရင်တော့ အဖိုးတို့က ခွင့်ပြုပါတယ်ကွယ်” လို့ဆိုပြီး ဧပြီမိုးကို သူတို့အိမ်မှာ နေထိုင်တည်းခိုခွင့်ပြုလိုက်ပါတယ်။

နောက်တစ်နေ့နံနက်စောစောရောက်တော့
ဧပြီမိုးဟာ အဖိုးအိုတို့စားဖို့အတွက် တောထဲမှာ သစ်သီးသစ်ဖုတွေကို
ရှာဖွေလာခဲ့ပြီးတော့ ရေဆေးပြီးအဖိုးအိုတို့ အဆင်သင့်စားသုံးနိုင်အောင်
သစ်သီးဝလံတွေနဲ့ သောက်စရာရေတွေကို အိမ်ထဲမှာပြင်ဆင်ထားပေးခဲ့ပါတယ်။
ပြီးတော့မှသူဟာ တောထဲမှာ
လှည့်ပတ်ကြည့်ရှုရင်းနဲ့ အလွန်ကိုပျော်ရွှင်နေပါတယ်။ သာမန်အ၀တ်အစားဝတ်ထား ပြီး
သူ့ကိုဘယ်သူမှမသိတဲ့ တောကြီးထဲမှာ သူလာရောက်လည်ပတ်ရတာကို ဧပြီမိုးဟာ အလွန်
ကျေနပ်နေမိတယ်။
ညရောက်တော့ ဧပြီမိုးဟာ
သူနဲ့အဖိုးအိုတို့အတွက် စားစရာသစ်သီးတွေနဲ့အတူ သောက်စရာရေကို
ဝါးဘူးလေးထဲကိုခပ်ထည့်ပြီး သူမတည်းခိုနေထိုင်နေတဲ့ အဖိုးအိုတို့အိမ်ကို
ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့ အဖိုးအဖွားတို့နဲ့အတူတူ စားရအောင်ဆိုပြီး
“အဖိုးနဲ့အဖွားရေ ညနေစာအတွက် စားရအောင် သစ်သီးတွေကို သမီးခူးလာခဲ့တယ် အတူတူစားရအောင်လာခဲ့ပါနော်” လို့သူကပြောလိုက်တယ်။
“အဖိုးနဲ့အဖွားရေ ညနေစာအတွက် စားရအောင် သစ်သီးတွေကို သမီးခူးလာခဲ့တယ် အတူတူစားရအောင်လာခဲ့ပါနော်” လို့သူကပြောလိုက်တယ်။
ဒါပေမယ့် ပြန်ပြီးဖြေသံ၊
စကားပြောသံကိုတော့ သူကမကြားရဘူးတဲ့ကွယ်။ ဒါနဲ့သူလဲ အိပ်ခန်းထဲ မှာရော၊
အိမ်ပြင်မှာရော နေရာအနှံ့ရှာပေမယ့် အဖိုးအိုတို့လင်မယားကို ရှာမတွေ့ဘူးတဲ့။
ဧပြီမိုး ဟာ ခြံဝင်းအပြင်ဖက်ကို ထွက်ပြေးသွားပြီး တခြားအိမ်တွေမှာ
အဖိုးနဲ့အဖွားရှိနေသလားလို့ လိုက်မေးပြီး ရှာရင်းနဲ့အိမ်တစ်အိမ်ရောက်တော့
လူတစ်ယောက်က အဖိုးနဲ့အဖွားကို လူဆိုးတွေ လာဖမ်းသွားကို
သူတွေ့လိုက်တယ်ဆိုပြီးပြောပြလိုက်တယ်။
“သူတို့တွေဟာ
အဖိုးတို့ဆီက ရွှေရောင်ရှိတဲ့ တုတ်ပြီးဓါးပြီးအင်္ကျီနဲ့ဘောင်းဘီကို လိုချင်နေကြ တယ်
…. ဒါပေမယ့်ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ ကျွန်တော်လဲမသိဘူး” လို့ပြောသတဲ့။
ဧပြီမိုးဟာ အဖိုးအိုတို့လင်မယားကို ရှာတွေ့ဖို့အတွက် တောထဲမှာရှိတဲ့ အိမ်တွေတိုင်းကို ရှာဖွေသ တဲ့။
ဧပြီမိုးဟာ အဖိုးအိုတို့လင်မယားကို ရှာတွေ့ဖို့အတွက် တောထဲမှာရှိတဲ့ အိမ်တွေတိုင်းကို ရှာဖွေသ တဲ့။
ရှာရင်းရှာရင်းနဲ့သူဟာ
ဟောင်းနွမ်းနေတဲ့ အိမ်ကြီးကြီးတစ်လုံးကို တွေ့လိုက်ရပါတယ်။ တံခါး
တွေအကုန်လုံးကိုသော့ခတ်ထားတော့ အိမ်ကိုကြည့်ပြီးသူ့စိတ်ထဲမှာ
“အင်း ….. ဒီအိမ်ထဲမှာ အဖိုးနဲ့အဖွားတို့ ရှိနေနိုင်လောက်တယ်။ ငါမြန်မြန်သွားကြည့်မှဖြစ်မယ်” လို့စဉ်းစားလိုက်ပြီး အိမ်ကြီးဆီကို သွားလိုက်တယ်။ တံခါးမကြီးကို သော့ခတ်ထားတယ်။ ဖွင့်လို့ မရဘူး။
“အင်း ….. ဒီအိမ်ထဲမှာ အဖိုးနဲ့အဖွားတို့ ရှိနေနိုင်လောက်တယ်။ ငါမြန်မြန်သွားကြည့်မှဖြစ်မယ်” လို့စဉ်းစားလိုက်ပြီး အိမ်ကြီးဆီကို သွားလိုက်တယ်။ တံခါးမကြီးကို သော့ခတ်ထားတယ်။ ဖွင့်လို့ မရဘူး။
ဧပြီမိုးဟာ
အဖိုးအိုတို့ကို အရမ်းနဲ့စိတ်ပူနေတော့ အဲဒီတံခါးကို အမြန်ပွင့်စေချင်ပြီး အဖိုးအို
တို့ ရှိလားမရှိလားဆိုတာကို မြန်မြန်သိချင်တဲ့အတွက် တံခါးသော့ကို ဖွင့်ကြည့်ဖို့
ကိုင်ကြည့်လိုက် တာနဲ့ သော့က အလိုလိုပွင့်သွားသတဲ့။ တံခါးသော့ဟာ
သူ့ရဲ့လက်နဲ့ထိရုံနဲ့ ပွင့်သွားတာကို သူက မြင်ပေမယ့် ရုတ်တရက်ဘာမှမစဉ်းစားအားသေးဘဲ
အိမ်ထဲကိုသာ တံခါးကိုမြန်မြန်ဖွင့်ပြီး ၀င်လိုက် ပါတယ်။
သူထင်တဲ့အတိုင်းပဲ
အထဲမှာ အဖိုးအိုတို့ကို ကြိုးနဲ့ချည်ပြီးဖမ်းထားတာကို သူတွေ့လိုက်ရ ပါတယ်။
ဧပြီမိုးဝင်လာတာကို လူဆိုးတစ်ယောက်က တွေ့သွားပြီး ဓါးနဲ့ထိုးဖို့ကြံတာ
သူ့ဗိုက်သူပဲ ပြန်ထိုးမိသွားတယ်။ နောက်တစ်ယောက်ကလည်း သေနတ်နဲ့ပစ်ဖို့လုပ်တာ
သူ့ကိုယ်သူပဲ ပြန်ပစ်မိ သွားတယ်။
အဲဒီချိန်မှာ ဧပြီမိုးက
အဖိုးအိုတို့ကို အမြန်ကြိုးဖြေပေးပြီး အိမ်ကိုအမြန်ပြန်ခေါ်လာ ခဲ့တယ်။
အဖိုးအိုနဲ့အဖွားအိုတို့ဟာ ဧပြီမိုးက အချိန်မီလာရောက်ကယ်တင်တဲ့အတွက် ဘာမှမဖြစ် ဘဲ
အိမ်ကိုပြန်ရောက်လာရတာကို အရမ်းနဲ့ဝမ်းသာနေကြပါတယ်။
ဧပြီးမိုးကတော့ တစ်ညလုံးအဖိုး နဲ့အဖွားကို ရှာဖွေနေခဲ့ရတဲ့အတွက် ပင်ပန်းပြီး အိမ်ရောက်တာနဲ့ အိပ်ပျော်သွားခဲ့ပါတယ်။
နောက်တစ်နေ့ရောက်တော့ အဖိုးနဲ့အဖွားတို့ဟာ ရွှေရောင်ဝင်းနေတဲ့ အင်္ကျီတစ်ထည်နဲ့ အပြာ ရောင်ဘောင်းဘီတစ်ထည်ကို ဧပြီမိုးကို လက်ဆောင်အဖြစ်ပေးတယ်။
“သမီးလေး ဒီဝတ်စုံဟာ တုတ်နဲ့ရိုက်လို့လဲ မနာဘူး၊ သေနတ်နဲ့ပစ်လို့လဲမထိဘူး အစွမ်းရှိတဲ့ အင်္ကျီ ပဲကွယ့်၊ သမီးဟာ အဖိုးတို့အိမ်ကို ဧည့်သည်အဖြစ်လာနေပေမယ့် အဖိုးတို့ ဒုက္ခတွေ့ချိန်မှာ မိသား စုလိုပဲ စိုးရိမ်ပူပန်ပေးခဲ့ပြီး ကယ်တင်ပေးခဲ့တဲ့အတွက် သမီးရဲ့စိတ်ဓါတ်ကို လေးစားတဲ့အနေနဲ့ အဖိုးနဲ့အဖွားတို့က ဒီတန်ဖိုးမဖြတ်နိုင်တဲ့ ၀တ်စုံကို ချီးမြှင့်တာပါ။ သမီးဒီဝတ်စုံနဲ့ ထိုက်တန်ပါတယ်”

“အဖိုးနဲ့အဖွားကို
ကျေးဇူးတင်ပါတယ်” လို့ ဧပြီမိုးက ပြန်ပြောလိုက်ပါတယ်။ ပြီးတော့ အဖွားအိုက
“ကဲ … သမီးလေး ၀တ်ကြည့်လိုက်ပါအုံးကွယ်” လို့ပြောလိုက်တော့ ဧပြီမိုးဟာ အဲဒီအင်္ကျီကို ၀တ်ကြည့်လိုက်တဲ့အချိန်မှာ မနေ့က သူပြုလုပ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို ပြန်စဉ်းစားမြင် ယောင်မိသွားပါတယ်။ သူဟာ သူ့ကိုယ်သူအလွန်အံ့သြသွားပြီး
“အဖိုး … အဖွား …. သမီးမနေ့က ဘာတွေလုပ်ခဲ့တာလဲ ……. သမီးမယုံနိုင်ဘူး အဖိုးတို့ကော လူဆိုးတွေ သူတို့ကိုယ်သူတို့ ဓါးနဲ့ပြန်ထိုးမိတာတွေကို တွေ့လိုက်လား” လို့သူမေးလိုက်တယ်။

အဖိုးအဖွားက“သမီးတကယ်တော့ သမီးက
မနေ့တုန်းက အဖိုးနဲ့အဖွားကိုအန္တရာယ်တွေထဲကနေ ကယ်တင်ခဲ့ တာပါ။ သမီးဆီမှာရှိတဲ့
အစွမ်းနဲ့သမီးတကယ်ကို ကယ်တင်ခဲ့တာပါ။ ဒါကိုအဖိုးနဲ့အဖွားနှစ်ယောက် လုံးက
မြင်လဲမြင်တယ် သိလဲသိပါတယ်။ သမီးကိုယ်တိုင်ကရော သမီးမှာ ဘာအစွမ်းရှိတယ်ဆိုတာ ကို
သိပြီလား” လို့ ဧပြီမိုးကို ပြန်ပြောလိုက်ပါတယ်။
“ဒါဆိုရင် သမီးမှာ ကိုယ်လုပ်ချင်တာကို စိတ်ကအာရုံစူးစိုက်ပြီး ရည်ရွယ်လိုက်တာနဲ့ လုပ်လို့ရတဲ့အစွမ်းနဲ့ တန်ပြန်နိုင်စွမ်းရှိတာပေါ့ ဟုတ်လား ….. အဖွား”

“ဟုတ်တာပေါ့ မြေးမလေးရယ် မနေ့ကပဲ မြေးမလေးကိုယ်တိုင် အဖွားတို့ကို အဲဒီအစွမ်းနဲ့ ကယ် တင်ခဲ့တာလေ” လို့ အဖွားအိုက ပြန်ပြောလိုက်ပါတယ်။ ဧပြီမိုးဟာ ဒီအဖြစ်တွေကို သေသေချာချာ သိလိုက်ရတဲ့အတွက် သူ့ရဲ့အစွမ်းနဲ့စိတ်ထားကောင်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေး ငယ်တွေ၊ ကောင်းတဲ့လူတွေ၊ အားနွှဲ့တဲ့လူတွေ ဖက်ကနေ ရပ်တည်ကူညီပေးဖို့ ဆုံးဖြတ်လိုက် တယ်။

ဒါနဲ့သူ့ရဲ့အားလပ်ရက်ကုန်ဆုံးသွားတော့ မြို့ကိုပြန်သွားပြီးတော့ နေ့ဖက်မှာဆို ရုပ်ရှင်မင်း သမီး၊ ညဖက်မှာဆိုရင် လူတွေကို မကောင်းတာတွေလုပ်တဲ့ လူဆိုးတွေရဲ့ ရန်ကနေ ကူညီကယ် တင်ပေးတဲ့ သူရဲကောင်းအဖြစ် တစ်သက်လုံး ပြုလုပ်နေထိုင်သွားပါတယ်။