အလုပ်သင်ခေါ်ယူခြင်း၏ ရည်ရွယ်ချက်
စတူဒီယိုချန်းမှ အလုပ်သင်သင်တန်းသားများကို တစ်နှစ်လျှင် တစ်ယောက်နှုန်းဖြင့် လက်ခံသင်ကြားပေးပါသည်။ ထိုသို့ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ထိုင်း၊ မြန်မာနယ်စပ်နှင့် မြန်မာပြည်တွင်းသို့  အနုပညာဖွံ့ ဖြိုးမူများ ပိုမို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန်အတွက် ဖြစ်ပါသည်။
ပြီးခဲ့သည့် ဧပြီလတွင် မယ်လဦးစခန်း၊ ရောင်နီဦးကျောင်းတွင် ပညာဆည်းဖူးလေ့လာနေသော ကျောင်းသားလေးတစ်ယောက်သည် ချင်းမိုင်သို့  အလုပ်သင်အဖြစ် တက် ရောက်ပြီး အောက်တိုဘာလတွင်ပြီးဆုံးသွားခဲ့ပါသည်။ ထိုကျောင်းသားလေးသည် သင်တန်းတွင် သင်ကြားတတ်မြောက်ခဲ့သော ပညာရပ်ခြားများကို မိမိ၏နေရပ် ( ဒေခိုသဲ) ရွာတွင် ၁၊ဇွန်လ၊၂၀၁၁ မှ စတင်၍ အနုပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အလုပ်သင် စောဖအဲလ်
အောက်တွင် မြင်တွေ့ ရသော နားကပ်ပုံသည် ပါဝါကစ်ဆိုသောခေါင်းစဉ်မှ ကျွန်တော်ကိုယ်တိုင်ပြုလုပ်ခဲ့သော နားကပ်တစ်မျိုးဖြစ်ပါသည်။ ၄င်းပုံဖြစ်မြောက်ဖို့ ရန်အတွက် လိုအပ်သောအထောက်အကူပစွည်းများကိုလည်း အတိအကျသေချာစွာတော့မပြောနိုင်ပါဘူး။ ဒီပုံကိုကြည့်ချင်းအားဖြင့် ဖဲသီးအရောင်ကလေးအမျိုးမျိုးလိုအပ်သည်။ ပုံသည် ကျွန်တော် နားကပ်၊ ဆွဲကြိုးသင်ကြားတုန်းက တက်ရောက်သင်ယူခဲ့ကြသော အနုပညာရင်သွေးငယ်ရဲ့ လှုပ်ရှားမှုဓါတ်ပုံဖြစ်ပါသည်
ပုံသည်ကျွန်တော်ပြုလုပ်ခဲ့သောငါးပုံဖြစ်ပါသည်။ ငါးပုံလိုချင်လို့ ရှိရင်ပထမဦးစွာ ငါးပုံကိုစကူအဖြူပေါ်မှာ ခဲတံဖြင့်ဆွဲရပါမည်။ မိမိဆွဲထားသောပုံကို အဆင်သင့်ဖြစ်ပြီးဆိုလျှင်ပိတ်စကိုယူပြီး ပိတ်ပေါ်မှာတစ်ဆင့်ဆွဲရပါသည်။ ပြီးလျှင်အပ်ချူပ်စက်ကိုအသုံးမပြုပဲ မိမိ၏လက်ဖြင့် ချုပ်ရမည်ဖြစ်ပါသည်။
ဒီငါးပုံကို လွယ်အိတ်ပေါ်ဖြစ်ဖြစ်၊ ဗိုက်ဆံအိတ်ပေါ်ဖြစ်ဖြစ် အလှချိတ်ထားနိုင်ပါသည်။
ဒီငါးပုံကို လွယ်အိတ်ပေါ်ဖြစ်ဖြစ်၊ ဗိုက်ဆံအိတ်ပေါ်ဖြစ်ဖြစ် အလှချိတ်ထားနိုင်ပါသည်။
အောက်တွင်ပြထားသောပုံသည် ပိတ်စကို ဆေးရောင်စိမ်းထားသည့်ပုံဖြစ်သည်။ ထိုစိမ်ထားသည့်ဆေးရောင်စုံသည် သဘာဝအသီးအရွက်မှပြုလုပ် ထားသောဆေးရည်များ ဖြစ်သည်။ သဘာဝဆေးရောင်စုံပြုလုပ်နည်းမှာ ကိုယ်ပြုလုပ်မည့် အသီးသို့မဟုတ် အရွက်ကို ဦးစွာ အမုန့် ကြိတ်ပါ။ ရရှိလားသောအမုန့်ကိုမီးပေါ်ကြိုချက်ရမည်။ ပြီးလျှင် ပိတ်စကို ကြိုထားသော အရည်ထဲသို့ 5 မိနစ်ခန့် စိမ်ထားပါ နောက်ဆုံးတွင် လှပသောပိတ်စအရောင်များဖြစ်ပါလိမ့်မည်။
အောက်တွင်ပြထားသောပုံသည် ရွေဖရုံသီးနှင့် မုံလာဥနီကို ပန်းပုံဖြစ်အောင်ပုံဖော်ထားပါသည်။ အခြားအသီးများနှင့်လဲ ပုံဖော်ပြုလုပ်နိုင်ပါသည်။ ပုံကိုကြည့်မည်ဆိုလျှင် ကျွန်တော်အတွက်မည်သည့်နေရာမှအသုံးဝင်လိမ့်မည်ဟုမတွေးမိခဲ့ပါ။ တကယ်မှာဆိုလျှင်စာသောက်ဆိုင်နှင့် ဟိုတယ်တွင် အများအသုံးပြုသည်ကို ကျွန်တော်တွေ့ မြင် ခဲ့ရပါသည်။
၎င်းပုံသည်အနုပညာရင်သွေးငယ်များကို ကျွန်တော်ကိုယ်တိုင်သွားရောက်သင်ကြားပေးခဲ့ပါသည်။ နေရာက ကန်းကနုတ် ၁ ဖြစ်ပါသည်။ ရင်သွေးငယ်များကိုလည်း ကြိုးစားနေတာကို လည်းကျွန်တော်လေ့လာတွေ့ ရှိခဲ့ရပါသည်။
ပုံတွင် airport အနုပညာအတန်းပုံဖြစ်ပါသည်။ရင်သွေးငယ်များ၏ အနုပညာသင်ခန်းစာအခန်း ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်းလည်း သွားရောက်သင်ကြားပေးခဲ့ပါသည်။
ပင်လယ်ပြာပြာ ကောင်းကင်ပြာပြာကြီးကိုသင်တို့ အားလုံးတွေ့ မြင်ဖူးကြမည်ဖြစ်ပါသည်။ ဒီပုံကို ကျွန်တော် အရောင်ခြယ်သတ်ခြင်းဖြင့် စတင်လေ့ကျင့်ခဲ့သော ပုံလည်းဖြစ်ပါသည်။ကျွန်တော့်ပုံကိုသူငယ်ချင်းများ ကြည့်လျှင်ပင်လယ်တစ်ခုတည်းပဲမြင်ရလိမ့်မည်။ဒီပုံကိုကျွန်တော်ဆေးရေအရောင်ကိုအသုံးပြုထားပါသည်။
၎င်းသည်အလှဆင်ဆွဲကြိုးများဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်းပြု လုပ်နိုင်ခဲ့သလိုအနုပညာရင်သွေးငယ်များကိုလည်း သင်ပေးနိုင်ခဲ့ပါသည်။ ပြုလုပ် ရန်မှာလည်းအခက်အခဲမရှိခဲ့ပါ။
မယ်လအူးတွင်နေစဉ်အိမ်မက်များ
မယ်လအူးတွင် နေထိုင်စဉ် ကျွန်တော်သည် ပညာရေးကို အဓိကထားသင်ယူခဲ့ပါတယ်။ ဘာကြာင့်လဲဆိုတော့ ကျွန်တော်ဟာ ကျောင်းသား တစ်ယောက် ဖြစ်တဲ့ အ တွက်ကြောင့်ဖြစ်ပါတယ်။ စာမေးပွဲအောင်မြင်မှုဟာ ကျွန်တော်ရဲ့ တာဝန်ပင်ဖြစ်ပါတယ်။ ပညာကို ကြိုးစားသင်ယူနေရင်း တစ်ဖက်တွင်လည်း ကျောင်းတွင်ရှိတဲ့ အနုပညာ ရင်သွေးငယ်များကိုလည်း ကူညီခဲ့ပါတယ်။ ကျွန်တော်ရဲ့ သူငယ်ချင်းများကလည်း အနုပညာကို ဆက်လက်သင်ယူ ဖို့အားပေးခဲ့ပါတယ်။ ကျောင်းရှိဆရာ၊ ဆရာမများနဲ့ သူငယ် များချင်းများရဲ့ အားပေးမှုကြောင့် အနုပညာများကို ဆက်လက်သင်ယူရန် ဆုံးဖြတ်ခဲ့ပါတယ်။ ချင်းမိုင်မှာ ဘယ်လိုအနုပညာများကို သင်ယူရမှာလဲ။ ဒါ့အပြင် အနုပညာများက လည်း ကျွန်တော်အတွက် ဘယ်လိုအကျိုးပြုမလဲလို့ စဉ်းစားနေခဲ့မိပါတယ်။ ချင်းမိုင်မှာ ဘယ်လို အနုပညာဆရာ၊ ဆရာမများနဲ့ဆက်ဆံရမှာလဲ။သူတို့တွေက ထိုင်းလိုပြောမယ်။ ကျွန်တော်က ထိုင်းစကား မတတ်တော့ ဘယ်လိုပြန်ပြောရမှာလဲ၊ ထိုင်းစာသင်ပေးမဲ့သူကော ရှိပါ့မလား စဉ်စားပြီးစိတ်ဓာတ် ကျနေမိပါတယ်။ ချင်းမိုင်ကို ရောက်ရင်ပန်းချီ လည်း ကောင်းကောင်းဆွဲတတ်လာမယ်၊ အရောင်စပ်တာတွေလည်း ကျွမ်းကျင်လာမယ်။ ကျွန်တော်ဟာ ဒီအနုပညာတွေကို တတ်မြောက်ခဲ့ရင် ကျောင်းမှာရှိတဲ့ကလေး ငယ်တွေကို သင်ကြားပေး မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ချင်းမိုင်တွင်သင်ကြားခဲ့ရသောအနုပညာများနဲ့အခြားသင်တန်းများ
ကျွန်တော်သည် ကွန်ပြူတာနဲ့ အခြားသင်တန်းသင်တန်းများကိုလည်း တက်ရောက်ခဲ့ရပါတယ်။ ဗဟုသုတများစွာ လည်းရရှိခဲ့ပါတယ်။အတွေ့အကြုံများများစွာလည်း ရရှိခဲ့ပါတယ်။ မလုပ်ဖူးသေးသော အနုပညာများကိုလည်း လုပ်ခဲ့ရပါတယ်။ ဒါက ပြောင်းလဲလာမှု တစ်ခုပဲဖြစ်ပါတယ်။ တက်ခဲ့ရတဲ့ သင်တန်းတွေကလည်း လွတ်လပ်မှုရှိ တယ်။ မယ်လအုန်းမှာ နေတုန်းကဆိုရင် အပြင်လောကအကြောင်းလုံးဝမသိခဲ့ရဘူး။ ချင်းမိုင်ရောက်မှ အပြင်လော က အကြောင်းကိုသိလာခဲ့ရပါတယ်။ သင်တန်းတွေမှာဆိုလည်း လွတ်လွတ်လပ်လပ် စကားပြောခွင့် ရှိတယ်။ ကိုယ်အမြင်တွေနဲ့ ကိုယ့်ရဲ့အကြောင်းတွေကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များကိုလည်း ဖလှယ်ပိုင်ခွင့်ရှိတယ်။
အနုပညာနဲ့ပတ်သက်ရင် အမျိုးမျိုးကို သင်ယူခဲ့ရပါတယ်။ တချို့အနုပညာများကိုတော့ ကျွန်တော်နားမလည်ခဲ့ဘူး။ အရင်းတုန်းကဆိုရင် ပုံဆွဲတာတစ်ခုကိုပဲ အနုပညာလို့ထင်ခဲ့ပါတယ်။ ဒီရောက်မှ အနုပညာဆိုတာ အမျိုးမျိုးရှိ ကြောင်းသိ ရှိခဲ့ရတယ်။ စုပေါင်းပြီးလုပ်ခဲ့တဲ့ သင်ခန်းစာလည်း အများကြီးရှိပါတယ်။ volunteer (P’ Max) အဖွဲ့ နဲ့ အတူတူ အနုပညာအမျိုးမျိုးကို ပြုလုပ်ခဲ့ရပါတယ်။ ပျော်စရာလည်းကောင်းပါတယ်။ အတူတူ အနုပညာများကို လုပ်ခဲ့ရလို့ဖြစ်ပါတယ်။ ဒီစေတနာ့ဝန်ထမ်းအဖွဲ့နဲ့ လုပ်ခဲ့တဲ့အနုပညာတွေကို အရင်က တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ကျွန်တော်အတွက်တော့ အသစ်အဆန်းတွေ ဖြစ်ပါတယ်။ တချို့အနုပညာတွေကိုတော့ ဘာသာစကားအခက်အခဲ ကြောင့်နားမလည်ခဲ့ပါဘူး။ ကျွန်တော်အထင် တတ်ထားတဲ့အနုပညာတွေကို ပြန်လည်မလေ့ကျင့်၊ အသုံးမပြုရင် တော့ မှေးမှိန်သွားမယ်လို့ ထင်ပါတယ်။ ဥပမာ ဓားတစ်ချောင်းဟာ အသုံးမပြုတာ ကြာလာရင် သံချေးတတ်နိုင်သ လိုမျိုးပေါ့။ ဒါကြောင့် တတ်ထားတဲ့ အနုပညာတွေကို ပြန်လည်အသုံးချသင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး တတ်ထားတဲ့ ပညာတွေကို မသုံးတတ်ဘူးဆိုရင် ဘယ်တော့မှ အောင်မြင်မှု ရရှိမှာမဟုတ်ပါဘူး။ Power Kids ဆိုရင် ကိုယ်တိုင်သင်ယူတာမကပဲ ချင်းမိုင်ရှိကလေးများကိုပါ သင်ပေးနိုင်ခဲ့ပါတယ်။

ရရှိခံစားရသောအကျိုးကျေးဇူးများ
- အနုပညာဆိုတာ ပှုံဆွဲခြင်းတစ်မျိုးတည်းသာ မဟုတ်ပဲ အမျိုးမျိုးရှိကြောင်း သိရှိခဲ့ရပါတယ်။
- အပြင်လောကအကြောင်းများကိုလည်း လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။
- အနုပညာ မိတ်ဆွေသူငယ်ချင်းများလည်း ရရှိခဲ့ပါတယ်။
- ကိုယ်ရဲ့ အတွေးအခေါ်အမြင်များကိုလည်း ထုတ်ဖော်ပြောရဲလာပါတယ်။
- ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုပြီးရှိလာပါတယ်။
- ကိုယ်တိုင်အနုပညာများကို သင်ယူခဲ့ရရုံသာမက ချုင်းမိုင်ရှိကလေးငယ်များကိုပါ သင်ကြားခွင့် ရရှိခဲ့ခြင်း
နိဂုံးချုပ်
အနုပညာသင်ကြားပေးသော ဆရာ၊ ဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်။သင်ကြားခဲ့သော အနုပညာ များကိုလည်း အကျိုးရှိရှိအသုံးချသွားမှာပါ။ နောက်ထပ် အနုပညာများကို ဆက်လက်သင်ယူနိုင်မယ်လို့ လည်းမျှော်လင့်ပါတယ်။