တစ်ခါက တောအုပ်လေးတစ်ခုမှာ အသက်ကြီးနေပြီဖြစ်တဲ့အဖိုးအိုနဲ့ အဖွားအိုနှစ်ယောက် ရှိပါတယ်။ အဲဒီအဖွားအိုဆီမှာ ထူးခြားတဲ့စွမ်းအားရှိနေပြီး သူ့ရဲ့ယောက်ျားအဖိုးအိုဆီမှာလည်း စွမ်းအားတခုရှိနေပါတယ်။ အဖွားအိုရဲ့စွမ်းအားက ကိုယ်ပျောက်နိုင်သတဲ့။
အဖိုးအိုရဲ့စွမ်းအားက တော့ ကိုယ်လုပ်ချင်တဲ့ဟာကို ဖြစ်သွားအောင် နီးနီးဝေးဝေး စိတ်ကရည်ရွယ်ပြီး အမူအယာလုပ် လိုက်တာနဲ့ တစ်ဖက်ကို သွားထိနိုင်တဲ့ အစွမ်းမျိုးဖြစ်ပါတယ်။ (ဥပမာ - ထင်းခုတ်ချင်တယ်ဆိုပါ တော့ လက်ကိုလက်ဝါးစောင်းနဲ့ ဓါးပုံစံလုပ်လိုက်ပြီး ထင်းချောင်းအပေါ်က ရွယ်လိုက်ရင် ထင်းကို ခုတ်ပြီးသား ထင်းချောင်းလေးဖြစ်သွားမှာပါ)။
တနေ့မှာတော့ မြမြဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ တောအုပ်ထဲရောက်လာခဲ့ပါတယ်။ မြမြကတောထဲမှာ သစ်ပင်အကြီးတွေကို ငေးမောရင်း၊ ကျောက်တုံးအကြီးကြီး တစ်တုံးပေါ်ထိုင်လိုက်ပြီး စိမ်းပြာရောင်ဖြစ်နေတဲ့ရေထဲကို ငုံ့ကြည့်လိုက်တယ်။ ရေထဲမှာ ရှေးခေတ်ထိုင်းလူမျိုးတွေဝတ်တဲ့ ရွှေရောင်ဝတ်စုံကိုဝတ်ထားတဲ့ သူ့ရဲ့ပုံကို တွေ့လိုက်ရတော့ သူက သဘောကျသွားပြီး ပြုံးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဘေးနားက အသံကြားလို့ ကြည့်လိုက်တော့ ရေလာခပ်နေတဲ့အဖွားအိုတစ်ယောက်ကို တွေ့လိုက်တယ်။
အရမ်းချမ်းအေးနေတဲ့အချိန်မှာ သူရေခပ်နေရတာကိုတွေ့ပြီး မြမြဟာ သနားသွားတာနဲ့ သူ့ကိုရေခပ်ကူလိုက်ပါတယ်။ ပြီးတော့ ရေအိုးကိုသပ်ပြီး သူ့အိမ်ထိလိုက်ပို့ပေးလိုက်သတဲ့။
အဖွားက သူ့ကိုစိတ်ထားကောင်းကောင်းနဲ့ ကူညီပေးခဲ့တဲ့မြမြကို တောထဲမှာ ရောက်တုန်း သူတို့အိမ်မှာ နေထိုင်ဖို့ဖိတ်ခေါ်တဲ့အတွက် မြမြက အဖွားတို့အိမ်မှာပဲ နေထိုင်ဖို့သဘောတူလိုက် သတဲ့။ မြမြဟာ အဖိုးအဖွားတို့နဲ့အတူတူနေစဉ်မှာ သူတို့ကို မိဘသဖွယ်ချစ်ခင်ရိုသေလေးစားပြီး အလုပ်အကျွေးပြုပါတယ်။ ဒါကြောင့် အဖိုးနဲ့အဖွားတို့က မြမြကို သဘောကျသွားပြီး သူတို့ရဲ့ အစွမ်းတွေကို အမွေဆက်ခံသူအဖြစ် သင်ကြားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
အဖွားအိုက
ဒီအ ကြောင်းနဲ့ပတ်သက်လို့ မြမြကိုခေါ်ပြီး
“သမီးလေး မြမြ၊ သမီးလေးဟာ လူကြီးမိဘတွေကို ရိုသေတတ်ပြီး စိတ်ကောင်းစေတနာရှိတဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို အဖွားတို့သိခဲ့ရပါပြီ၊ ဒါကြောင့် သမီးကို အဖိုးနဲ့အဖွားတို့ရဲ့ ပညာကို အမွေဆက်ခံသူအဖြစ် သတ်မှတ်ပြီးတော့ အဖွားတို့ရဲ့ အစွမ်းတွေကို သင်ပေးမယ်။ ဒါတွေကို သင်ယူတတ်မြောက်သွားရင် လောကကြီးအတွက် ကောင်းကျိုးတွေကို ပြုလုပ်တဲ့နေရာ မှာ အသုံးချပါ။ မကောင်းသူပယ် ကောင်းသူကယ်ပါ” လို့ ဆုံးမစကားပြောတော့ မြမြက
“အဖွားတို့ရဲ့ ဆုံးမစကားကို သမီးအမြဲတမ်းမှတ်သားထားပါ့မယ်” လို့ အဖိုးနဲ့အဖွားတို့ကို ကတိပေး လိုက်ပါတယ်။
“သမီးလေး မြမြ၊ သမီးလေးဟာ လူကြီးမိဘတွေကို ရိုသေတတ်ပြီး စိတ်ကောင်းစေတနာရှိတဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို အဖွားတို့သိခဲ့ရပါပြီ၊ ဒါကြောင့် သမီးကို အဖိုးနဲ့အဖွားတို့ရဲ့ ပညာကို အမွေဆက်ခံသူအဖြစ် သတ်မှတ်ပြီးတော့ အဖွားတို့ရဲ့ အစွမ်းတွေကို သင်ပေးမယ်။ ဒါတွေကို သင်ယူတတ်မြောက်သွားရင် လောကကြီးအတွက် ကောင်းကျိုးတွေကို ပြုလုပ်တဲ့နေရာ မှာ အသုံးချပါ။ မကောင်းသူပယ် ကောင်းသူကယ်ပါ” လို့ ဆုံးမစကားပြောတော့ မြမြက
“အဖွားတို့ရဲ့ ဆုံးမစကားကို သမီးအမြဲတမ်းမှတ်သားထားပါ့မယ်” လို့ အဖိုးနဲ့အဖွားတို့ကို ကတိပေး လိုက်ပါတယ်။
နောက်နေ့မှာ အဖွားအိုက သူ့ရဲ့ကိုယ်ပျောက်ပညာကို သင်ပေးပါတယ်။ မြမြလည်း ကြိုးစားပြီး သင်ယူတဲ့အတွက် ရက်အနည်းငယ်ကြာသွားတော့ ကိုယ်ပျောက်ပညာအစွမ်းကို တတ်မြောက် သွားပါတော့တယ်။ အဖိုးအိုက သူ့ရဲ့ပညာစွမ်းဖြစ်တဲ့ လိုရာကို စိတ်မှန်းနဲ့လုပ်ယူနိုင်တဲ့ပညာကို ဆက်လက်သင်ပေးတော့ နောက်ထပ်ရက်အနည်းငယ်အကြာမှာ မြမြက တတ်မြောက်သွားပါ သတဲ့။
“ကဲ ….. သမီးလေး မြမြ
အခုဆိုရင် သမီးလဲ အဖိုးတို့တတ်ထားတဲ့ ပညာတွေအားလုံးကို တတ် မြောက်သွားပြီ၊
ကျွမ်းကျင်ဖို့အတွက်တော့ သမီးနေ့တိုင်း လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊ ဒါဆိုရင်
ပိုပြီး တော့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပါလိမ့်မယ်၊ အဖိုးနဲ့
အဖွားတို့ကတော့ အသက်ကြီး နေပြီဆိုတော့ ဒီပညာတွေကို လက်တွေ့အသုံးချဖို့အတွက်
အင်အားတွေမရှိတော့ပါဘူး၊ သမီးကို အမွေပေးရတာကိုပဲ ကျေနပ်လှပါပြီ”
လို့မြမြကိုပြောပါတယ်။
တနေ့မှာမြမြက ရေသွားခပ်ပြီး အိမ်ကိုပြန်လာတဲ့အခါ အဖိုးနဲ့အဖွားတို့ကို မတွေ့ရတော့ပဲ စာတစ် စောင်ကိုသာ တွေ့ပါတယ်။ စာထဲမှာ စစ်သားဆိုးတွေက အဖိုးနဲ့အဖွားကို ဖမ်းသွားတာဖြစ်ကြောင်း မြမြဖတ်ဖို့ စာထားခဲ့တာပါ။ အဲဒါနဲ့မြမြက အဖိုးနဲ့အဖွားကို စစ်သားဆိုးတွေ ဖမ်းသွားရာ နေရာ နောက်ကိုလိုက်သွားပါတယ်။
အချိန်တော်တော်ကြာ
လမ်းလျှောက်သွားတော့ အိမ်တစ်အိမ်ဘေး မှာ စစ်သားတွေပတ်ပတ်လည်ဝိုင်းထားပြီး
သူတို့လက်ထဲမှာလဲ သေနတ်ကိုကိုင်ထား အစောင့်ချ ထားတာကို တွေ့လိုက်ရပါတယ်။
မြမြကလည်း
အဖွားသင်ပေးထားတဲ့အတိုင်း ကိုယ်ကိုဖျောက် လိုက်ပြီးတော့ အိမ်ဆီကိုသွားသတဲ့။
အိမ်အ၀ကိုရောက်တော့ အိမ်တံခါးကိုသူတို့က သော့ခတ် ထားပြီး အဖိုးနဲ့အဖွားကို
အခန်းထဲမှာ ကြိုးတုပ်၊ ပါးစပ်ကိုပိတ်ထားပြီး လှောင်ထားတာကို အိမ် တံခါးပေါက်
ကျဉ်းကျဉ်းလေးကနေ မြမြကတွေ့လိုက်ရတယ်။ ဒါနဲ့သူက အဖိုးသင်ထားပေးသလို
သော့ကိုသူ့ရဲ့အစွမ်းနဲ့ဖွင့်ပြီး အခန်းထဲကို ၀င်သွားလိုက်ပါတယ်။
အခန်းထဲကိုရောက်သွားတာနဲ့
မြမြကအဖိုးနဲ့အဖွားကို ကြိုးတွေဖြည်ပေးပြီး မြန်မြန်ကယ်ထုတ်လာပြီးတော့
အိမ်ကိုပြန်ခေါ်လာပါ သတဲ့။
ဒီလိုနဲ့အဖိုးနဲ့အဖွားကို
မြမြကယ်ခဲ့တာကြောင့် သူတို့အသက်ဘေးကနေ ပြန်လွတ်လာခဲ့ပါ တယ်။
တနေ့ကျတော့
မြမြတို့နေတဲ့နေရာကို စစ်သားဆိုးတွေပြန်လာပြီး တောထဲမှာ ရှိတဲ့အိမ် တွေကို
ဖျက်ဆီးကြပြန်ပါတယ်။
မြမြတို့တွေ
နေစရာအိမ်အားလုံး ပျက်စီးသွားတယ်။ ဒါကြောင့် မြမြက တခြားလူတွေကို စုခေါ်ပြီး
နောက်တခါစစ်သားတွေပြန်လာရင် အခုလို လုပ်လို့မရအောင် သူတို့ခုခံနိုင်ဖို့
ပညာတွေသင်ပေးပါတယ်။ ကိုယ်ဖျောက်နည်းရယ်၊ အဖိုးရဲ့အစွမ်းလို သိုင်းချနည်း တွေကိုပါ
သင်ပေးတာပါ။ မြမြက ဒီပညာတွေကို သင်ယူတုန်းကတော့ ၄ ရက်လောက်နဲ့ တတ်ပေ မယ့်
တခြားလူတွေကို သင်ပေးတဲ့အခါမှာတော့ ၁၀ ရက် ၁၂ ရက်လောက်သင်ပေးမှ သူတို့တတ် မြောက်သွားပါတယ်။
တခြားလူတွေအားလုံးလဲ ပညာတွေ တတ်သွားတော့ စစ်သားတွေ နောက် တခါပြန်လာတဲ့အချိန်မှာ မြမြနဲ့အတူတူ လူတွေအားလုံးဝိုင်းပြီး တိုက်ခိုက်ကာကွယ်ကြပါတယ်။ စစ်သားဆိုးတွေက ရွာသားတွေကို သေနတ်နဲ့ပစ်ပေမယ့် ရွာသားတွေက ကိုယ်ရောင်ဖျောက် လိုက်တော့ သူတို့ဘယ်သူ့ကိုမှမတွေ့ရဘဲ သေနတ်ကျည်တွေပဲ ကုန်သွားသတဲ့၊
နောက်ရွာသား တွေကလဲ သူတို့တွေကို သိုင်းပညာနဲ့ပြန်ချလိုက်တာ စစ်သားဆိုးတွေရှုံးသွားပြီး နောက်ဆုံးမှာသူ တို့တွေ ထွက်ပြေးသွားပါတော့တယ်။ အချိန်တွေကြာသွားပေမယ့်လည်း စစ်သားဆိုးတွေဟာ မြမြ တို့ရဲ့တောအုပ်လေးဆီကို ပြန်မလာရဲတော့ပါဘူးတဲ့။
နောက်ရွာသား တွေကလဲ သူတို့တွေကို သိုင်းပညာနဲ့ပြန်ချလိုက်တာ စစ်သားဆိုးတွေရှုံးသွားပြီး နောက်ဆုံးမှာသူ တို့တွေ ထွက်ပြေးသွားပါတော့တယ်။ အချိန်တွေကြာသွားပေမယ့်လည်း စစ်သားဆိုးတွေဟာ မြမြ တို့ရဲ့တောအုပ်လေးဆီကို ပြန်မလာရဲတော့ပါဘူးတဲ့။
ဒါနဲ့တောအုပ်လေးထဲမှာရှိတဲ့
လူတွေအားလုံးက သူတို့ကိုအခုလို ကိုယ့်နေရာဒေသကို ကိုယ်ကာကွယ်နိုင်အောင်
အတတ်ပညာတွေသင်ပေးခဲ့တဲ့ မြမြကို သူတို့က ကျေးဇူးတင်တဲ့အနေနဲ့ သူရဲကောင်းအဖြစ်
ဂုဏ်ပြုပေးလိုက်ကြသတဲ့။ သူတို့အချင်းချင်းလည်း တစ်ယောက်ကိုတစ် ယောက်ချစ်ချစ်ခင်ခင်
ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတစ်ကွ နေထိုင်သွားကြပါတယ်။
မြမြကတော့ သူ့အိမ်ကိုပြန်ချိန်တန်လို့ သူတို့တွေအားလုံး နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ရပေမယ့် သူရောက်တဲ့နေရာ တိုင်းမှာ မကောင်းသူပယ် ကောင်းသူကယ်တဲ့ လူတစ်ယောက်အဖြစ် လူကောင်းတွေကို အမြဲတမ်း ကူညီပေးရင်းနဲ့ သူ့ဘ၀ကို အကျိုးရှိရှိ နေထိုင်သွားပါတော့တယ်။