တစ်ခါက ကောင်လေးတစ်ယောက်ဟာ တောထဲမှာ သစ်သီးတွေကိုလိုက်ရှာရင်းနဲ့ တောနက်တစ်နေရာမှာ သောင်းကျန်းနေတဲ့ လူဆိုးတွေနဲ့တွေ့ပါတယ်။ လူဆိုးတွေဟာ တောထဲမှာ နေထိုင်နေတဲ့လင်မယား နှစ်ယောက်ကို ဖမ်းဆီးပြီး သူတို့ကို ကြိုးနဲ့ချည်ထားပြီးတော့ နှိပ်စက်နေတာကို ကောင်လေးက တွေ့ပါ တယ်။
လူဆိုးတွေဟာ
သူတို့နှိပ်စက်ရိုက်နှက်တာမရပ်သေးပဲ ဆက်ပြီးရိုက်နှက်နေတဲ့အတွက် ကောင်လေးက
ဘယ်လိုမှမနေသာတော့ပဲ အဲဒီလူဆိုးတွေဆီကိုပြေးသွားပြီးတော့ သူတို့ကိုထပ်ပြီးမရိုက် နှက်၊
မနှိပ်စက်ဖို့ တောင်းပန်ပါတယ်။
ဒါပေမယ့်
သူတို့က ကောင်လေးရဲ့ပြောစကားကို နားမထောင်တဲ့ အပြင် ကောင်လေးကိုပါ
ဖမ်းပြီးထုရိုက်ကြပြန်ပါတယ်။ ကောင်လေးက သူတို့ထုရိုက်တာကိုမခံပဲ လူဆိုးတွေ နဲ့ပြန်ချတော့
လူဆိုးတွေအားလုံး ရှုံးသွားသတဲ့ကွယ်။ ကောင်လေးက လူဆိုးတွေလဲရှုံးလို့ မေ့လဲနေတဲ့ အချိန်မှာပဲ
လူဆိုးတွေဖမ်းထားတဲ့ လင်မယားနှစ်ယောက်ကို ကြိုးဖြည်ပေးပြီး သူနေထိုင်တဲ့ရွာက
သူ့အိမ်ဆီ ကို ခေါ်သွားခဲ့ပါတယ်။
အိမ်ရောက်တော့
“လူဆိုးတွေက ဘာဖြစ်လို့ အစ်ကိုနဲ့အစ်မတို့ကို ဖမ်းတာလဲ” လို့မေးတော့
“ဘာကြောင့်ဖမ်းတာလဲဆိုတာကို မသိပါဘူးကွယ်၊ အိမ်မှာပဲ ထမင်းစားနေတဲ့အချိန်မှာ ရောက်လာပြီး အစ်ကိုတို့နှစ်ယောက်ကို ဖမ်းသွားတာပါ” လို့ပြန်ပြောပါတယ်။

သူတို့နှစ်ယောက်လုံးဟာ ကြောက်ရွံ့နေဆဲ ဖြစ်ပြီး လူဆိုးတွေနှိပ်စက်ထားတဲ့အတွက် မျက်နှာတွေနဲ့ တစ်ကိုယ်လုံးမှာလဲ ညိုမဲပြီး ရောင်ကိုင်းနေတာပဲ ပေါ့။ ဒါကြောင့်ကောင်းလေးက သူတို့အိမ်မှာပဲ နေထိုင်စေပြီး ဒဏ်ရာတွေကို ဆေးကုသစေပါတယ်။
ဒီလိုနဲ့ရက်အနည်းငယ်ကြာသွားပြီးတဲ့နောက်
ကောင်လေးကအလုပ်သွားနေတဲ့အချိန်မှာ သူတို့လင်မယား ဟာ ကောင်လေးရဲ့အိမ်ကနေ
ထွက်သွားပါတယ်။ ကောင်လေးအလုပ်ကပြန်ရောက်တော့ သူတို့ကိုမတွေ့ တော့လို့လိုက်ရှာပေမယ့်
မတွေ့ပါဘူး။
ဒါနဲ့ကောင်လေးက
“သူတို့နှစ်ယောက်ဟာ တောထဲက သူတို့အိမ်ကိုပြန်သွားတာလားမသိဘူး”
လို့စဉ်းစားမိရင်းနဲ့ တောထဲကို လိုက်သွားခဲ့ပါတယ်။
တောထဲမှာ
သွားရင်းနဲ့ပဲ နောက်ထပ်လူဆိုးတွေနဲ့တွေ့ပြီး ကောင်လေးက အဖမ်းခံရပြီး တော့
လူဆိုးတွေက သူ့ကိုကြိုးနဲ့တုပ်ထားပြီး နှိပ်စက်တာကို ခံရပါတယ်။ ကောင်လေးက
အစပိုင်းမှာတော့
“တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာဟာ မကောင်းပါဘူးလေ၊ ငါသည်းခံလိုက်ရင် သူတို့ကလဲ စိတ်ပြောင်းသွားပြီးတော့ ငါ့ကိုလွတ်ပေးမှာပါ” လို့စဉ်းစားလိုက်ပြီးတော့ လူဆိုးတွေနှိပ်စက်တာကိုခံနေခဲ့သ တဲ့။
“တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာဟာ မကောင်းပါဘူးလေ၊ ငါသည်းခံလိုက်ရင် သူတို့ကလဲ စိတ်ပြောင်းသွားပြီးတော့ ငါ့ကိုလွတ်ပေးမှာပါ” လို့စဉ်းစားလိုက်ပြီးတော့ လူဆိုးတွေနှိပ်စက်တာကိုခံနေခဲ့သ တဲ့။
ဒါပေမယ့်လူဆိုးတွေက
ဆက်ပြီးနှိပ်စက်နေတော့ ကောင်လေးကနာကျင်မှုတွေကို ဘယ်လိုမှသည်းမခံ နိုင်တော့ပဲလူဆိုးတွေနဲ့သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်တာ
နောက်ဆုံးမှာ လူဆိုးတွေအားလုံးရှုံးသွား သတဲ့ကွယ်။
လူဆိုးတွေကကောင်လေးကို
“ငါတို့မှားမှန်းသိပါပြီ၊ အသက်ကိုချမ်းသာပေးပါ၊ နောက်ဆိုရင် ဒီလိုမကောင်းတဲ့ အလုပ်မျိုးကို မလုပ်တော့ပါ ဘူးလို့ ကတိပေးပါတယ်” လို့ပြောပြီး ကောင်းလေးကို တောင်းပန်ကြပါတယ်။ ကောင်လေးက
“နောက်ဆိုရင် ပြောတဲ့အတိုင်းကတိတည်ကြပါစေနော်၊ တောထဲမှာနေတဲ့ ဘယ်သက်ရှိတွေကိုမဆို ကိုယ့်ရဲ့မိတ်ဆွေတွေလို သဘောထားပြီး စောင့်ရှောက်ရမယ်၊ ရိုင်းပင်းကူညီရမယ်၊ ခင်ဗျားတို့ကြောင့် ကြောက်ရွံ့နေတဲ့ တိရစ္ဆာန်တွေကို သနားကြင်နာရမယ်၊ ကျွန်တော်က အမြဲတမ်းလာကြည့်နေမှာ” လို့ ကောင်လေးကပြန်ပြောလိုက်ပါတယ်။

ဒါနဲ့ကောင်လေးက သူ့အိမ်ကထွက်သွားတဲ့ လင်မယားနှစ်ယောက်ကို တောထဲကသူ့အိမ်မှာ ပြန်တွေ့ခဲ့ရပါ တယ်။ ကောင်လေးက သူတို့ကို သူနဲ့အတူရွာမှာ လိုက်နေစေချင်ပေမယ့် သူတို့က ဒီတောအုပ်လေးမှာပဲ တိရစ္ဆာန်တွေနဲ့နေရတာကို ပျော်တယ်လို့ပြောတဲ့အတွက် ကောင်လေးတစ်ယောက်တည်းပဲ ရွာကိုပြန်လာခဲ့ ရပါတယ်။
နောက်ပိုင်းမှာဆိုရင်ကောင်လေးဟာ
တောထဲကို မကြာမကြာသွားပြီး တိရစ္ဆာန်တွေနဲ့ဆော့က စားလေ့ရှိပြီး တောထဲက လူတွေဆီကိုလဲ
အလည်သွားတတ်ပါတယ်။ တောထဲကလူဆိုးတွေကလဲ ကတိ ပေးထားတဲ့အတိုင်း သူတို့အမှားကို
သူတို့သိပြီး အမှန်ကိုပြုပြင်ခဲ့တဲ့အတွက် တောအုပ်ထဲမှာရှိတဲ့ တိရစ္ဆာန် တွေ၊
လူတွေနဲ့ ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်ရှိပြီး တစ်ဦးနဲ့တစ်ဦး အသက်ထက်ဆုံး
ကူညီရင်းနဲ့ နေထိုင် သွားပါတော့တယ်။