တစ်ခါတုန်းက ရွာတစ်ရွာမှာ အသက် ၁၂ အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ဇော်ဇော်လို့ခေါ်ပါတယ်။ သူဟာ အင်မတန်ကို ယဉ်ကျေးပြီး သနားကြင်နာတတ်တဲ့ သူတစ်ယောက်လဲ ဖြစ်သတဲ့။
တစ်နေ့တော့ ဇော်ဇော်ဟာ ရွာထဲကိုလမ်းလျှောက်သွားနေတုန်း အရက်မူးနေတဲ့ လူငယ်တစ်စုဟာ လမ်းဘေးမှာ အိပ်နေတဲ့ ခွေးကလေးတစ်ကောင်ကို ၀ိုင်းပြီးကန်ကျောက်
ဆော့ကစားနေတာကို တွေ့လိုက်ရသတဲ့။
ဆော့ကစားနေတာကို တွေ့လိုက်ရသတဲ့။
ခွေးလေးက နာကျင်လွန်းလို့ အော်ဟစ်နေရှာတာပေါ့။ ဇော်ဇော်က အဲဒီမြင်ကွင်းကို မြင်ရတဲ့အခါ ခွေးကလေးကို အရမ်းနဲ့သနားသွားပြီး သူ့အတွက်စိတ်မကောင်း
ဖြစ်သွားတာနဲ့ အဲဒီလူငယ်တွေကို
"အစ်ကိုတို့ရယ် ခွေးကလေးကို နာကျင်အောင် မလုပ်ပါနဲ့လား သနားစရာကောင်းပါတယ်ဗျာ" လို့ပြောလိုက်ပါတယ်။
ဇော်ဇော်ကပြောတော့ လူငယ်တွေဟ နဂိုတည်းက အရက်မူနေတော့ သူတို့ထဲက တစ်ယောက်က ဇော်ဇော်ကို
"မင်းက ဘာမို့လို့ ငါတို့ကို ဆရာလာလုပ်နေရတာလဲ ၊ ဟေ့ရောင်းရင်းတို့ ဒီကလေးကို နည်းနည်းလောက်ဝိုင်းပြီး ဆုံးမလိုက်ကြရအောင်" လို့ အော်ပြောလိုက်ပါတယ်။
ဒါနဲ့သူတို့ဟာ ခွေးကလေးအစား ဇော်ဇော့်ကို ၀ိုင်းပြီးရိုက်နှက်ကြတော့တာပေါ့။

သူတို့စိတ်ကျေနပ်သွားတော့မှ ထွက်သွားကြသတဲ့။ ဇော်ဇော်ဟာ တစ်ကိုယ်လုံးနာကျင်တဲ့ ဒဏ်ရာတွေနဲ့ ကျန်ခဲ့တာပေါ့ကွယ်။ သူ့ရဲ့ဘေးမှာတော့ သူ့လိုပဲဒဏ်ရာတွေနဲ့ နာကျင်နေတဲ့ ခွေးကလေးက သူနဲ့အတူတူထိုင်နေရင်း သူ့ကိုကြည့်နေသတဲ့။
ဇော်ဇော်ဟာခွေးကလေးကို စိတ်မကောင်းစွာနဲ့ ကြည့်ပြီးပြောလိုက်တယ်
"ခွေးလေးရယ် မင်းကတော့ တော်တော့်ကို နာနေမှာပေါ့နော်......မင်းအတွက် ငါစိတ်မကောင်းပါဘူး......ငါနဲ့အတူတူအိမ်ကိုလိုက်ခဲ့ပါ......
မင်းကိုငါ ဆေးထည့်ပေးမယ်။ အဲဒီအချိန်ကျရင် မင်းနာနေတဲ့ ဝေဒနာတွေ သက်သာသွားမှာပါ " လို့ပြောပြီးတော့ ခွေးလေးကို သူ့အိမ်ကိုခေါ်သွားပြီး ဒဏ်ရာတွေကို ဆေးတွေထည့်ပေးလိုက်ပြီး အစာလည်းကျွေးလိုက်သတဲ့။ ဇော်ဇော်ကိုယ်တိုင်လဲ ဒဏ်ရာတွေရထားတော့ ဘယ်မှမသွားနိုင်ဘဲ အိမ်မှာပဲ နေရတာပေါ့။

တနေ့ကျတော့ ဇော်ဇော်ဟာ အိမ်ရှေ့က ကွပ်ပျစ်မှာ ထိုင်နေရင်းနဲ့ အရင်ကဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြန်ပြီးစဉ်းစားနေမိသတဲ့ကွယ်
" ငါဟာသူများကို ကူညီကာကွယ်စောင့်ရှောက်ချင်တဲ့စိတ်ပဲရှိပြီး တကယ်တမ်းတော့ သူတို့ကိုဘာမှ ကူညီကာကွယ်ပေးနိုင်တဲ့ လူတစ်ယောက်မဖြစ်ခဲ့ပါလား...
ငါသူတို့ကို ဘယ်လိုကူညီနိုင်မလဲ" ဆိုပြီး တစ်ယောက်တည်း တွေးနေသတဲ့။
" ငါဟာသူများကို ကူညီကာကွယ်စောင့်ရှောက်ချင်တဲ့စိတ်ပဲရှိပြီး တကယ်တမ်းတော့ သူတို့ကိုဘာမှ ကူညီကာကွယ်ပေးနိုင်တဲ့ လူတစ်ယောက်မဖြစ်ခဲ့ပါလား...
ငါသူတို့ကို ဘယ်လိုကူညီနိုင်မလဲ" ဆိုပြီး တစ်ယောက်တည်း တွေးနေသတဲ့။
အတန်ကြာအောင် စဉ်းစားတွေးတောနေရင်းမှ
" အင်း ငါသိပြီ ငါကိုယ်တိုင် သူတို့ကို အကူအညီပေးနိုင်တဲ့ အရည်အချင်းတွေရှိမှ သူတို့ကို ကူညီနိုင်မှာပေါ့....... ဒါဆိုငါဘယ်လိုလုပ်ရင် သူတို့ကို ကူညီနိုင်မလဲ...
ငါ ဘာလုပ်ရမလဲ.... ငါသေချာစဉ်းစားရမယ်" ဆိုပြီး စဉ်းစားမိသတဲ့

နောက်ဆုံးမှာ ဇော်ဇော်ရဲ့မျက်နှာဟာ တဖြည်းဖြည်းနဲ့ ပြုံးလာပြီး သေချာတဲ့ ဆုံးဖြတ်ချက် တစ်ခုကိုချမှတ်ပြီးလိုက်တဲ့ သူတစ်ယောက်လို ပေါ့ပါးလန်းဆန်းနေတော့သတဲ့။ ပြီးတော့ အသံကျယ်ကြီးနဲ့
" ငါ့ရဲ့မျှော်လင့်ချက်တွေဟာ တနေ့တော့ တကယ်ကို အကောင်အထည်ပေါ်စေရမယ်....... ငါဟာတနေ့မှာတော့ အားနွဲ့ပြီး အကူညီမဲ့နေတဲ့သူတွေကို ကူညီပေးနိုင်တဲ့ လူစွမ်းကောင်း တစ်ယောက်ဖြစ်ရမယ်" လို့ သူ့ကိုယ်သူ အားမာန်အပြည့်နဲ့ အော်ဟစ်ကြုံးဝါးလိုက်ပါတယ်။

နောက်နေ့မနက်စောစောမှာပဲ ဇော်ဇော်ဟာ တောထဲကိုသွားတယ်။ တောထဲမှာ လမ်းလျှောက်သွားရင်း သွားရင်းနဲ့ နေ့လည်အချိန်တောင်ရောက်လာသတဲ့။ ဒါနဲ့သူဟာ မောပန်းလို့ စမ်းချောင်းတစ်ခုဘေးမှာ ခဏထိုင်ပြီး အမောဖြေနေလိုက်တယ်။
အဲဒီအချိန်မှာ ၀တ်စုံဖြူဝတ်ထားတဲ့ မုတ်ဆိတ်မွေးတွေအရှည်ကြီးနဲ့ လူတစ်ယောက်ကို သစ်ပင်တွေကြားကနေ တွေ့လိုက်ရပါတယ်။ ဇော်ဇော်ဟာ ရုတ်တရက်စဉ်းစားမိသွား ပြီး စိတ်ဝင်စားသွားတယ်.....
" ဒီလောက်တောနက်ကြီးထဲမှာ ဘယ်ကလူရှိနေပါလိမ့်" လို့ ရေရွတ်ရင်း ထိုင်ရာကနေ ထလိုက်ပြီး တိတ်တဆိတ်နဲ့ ချောင်းကြည့်လိုက်သတဲ့။ အဲဒီတော့မှ အဘိုးအိုတစ်ယောက်ဟာ ငွေရောင်ဖြူဖွေးနေတဲ့ နေရောင်အောက်မှာ သိုင်းလေ့ကျင့်နေတာကို သူထင်ထင်ရှားရှားတွေ့လိုက်ရတယ်။

အဲဒီအချိန်မှာပဲ သူရုတ်တရက်အကြံရသွားတယ်....
" ဒီသိုင်းဆရာဆီမှာ ငါဟာသိုင်းပညာကို သင်ယူတတ်မြောက်ခဲ့မယ်ဆိုရင် ငါ့ရဲ့စိတ်ကူးအိပ်မက်တွေဟာ တကယ်ဖြစ်လာနိုင်မှာပဲ" လို့ စဉ်းစားမိတာပါ။
" ဒီသိုင်းဆရာဆီမှာ ငါဟာသိုင်းပညာကို သင်ယူတတ်မြောက်ခဲ့မယ်ဆိုရင် ငါ့ရဲ့စိတ်ကူးအိပ်မက်တွေဟာ တကယ်ဖြစ်လာနိုင်မှာပဲ" လို့ စဉ်းစားမိတာပါ။
ဒါနဲ့သူဟာ သိုင်းဆရာရှိတဲ့ဆီကို ပြေးသွားလိုက်ပါတော့တယ်.... ပြီးတော့ သူ့ပါးစပ်ကနေလဲ
" ဆရာကြီး ကျတော့ကို သိုင်းပညာသင်ပေးပါဗျာ... ကျတော်တကယ့်ကို လိုလိုချင်ချင်နဲ့ ကြိုးကြိုးစားသင်ယူပါ့မယ် " လို့ ပြောလိုက်ပါသတဲ့။ သိုင်းဆရာကြီးက သူ့ကိုဘာမှ ပြန်မပြောဘဲ သိုင်းလေ့ကျင့်မြဲ လေ့ကျင့်နေတာပေါ့ကွယ်။

ဇော်ဇော်ကတော့ ဇွဲမလျှော့ဘဲ သိုင်းဆရာကြီးရဲ့အနီးအနားမှာပဲ နေနေရင်းနဲ့ ပါးစပ်ကနေလဲ ဒီစကားလုံးကိုပဲ ထပ်ခါထပ်ခါ ပြောနေတာပေါ့။
သိုင်းဆရာကြီးက သိုင်းလေ့ကျင့်လို့ပြီးတော့ သူနေတဲ့ တဲအိမ်ဆီကိုပြန်တဲ့အခါမှာလည်း နောက်ကနေ တကောက်ကောက်လိုက်ပြီး အဆက်မပြတ် ပြောဆိုတောင်းပန်နေပါတယ်။
နောက်ဆုံးမှာတော့ သိုင်းဆရာဟာ သူ့ကိုတပည့်အဖြစ်လက်ခံပြီး သိုင်းသင်ပေးဖို့ လက်ခံလိုက်ပါတယ်။
ဇော်ဇော်ဟာ အင်မတန်ကို ပျော်သွားပြီး နောက်နေ့တွေကစလို့ သူ့ဆရာသင်ကြားပေးတဲ့ သိုင်းပညာကို နေ့နေ့ညည ကြိုးစားသင်ယူပါတယ်။ ဆရာ့ကိုလဲ သားတစ်ယောက်သဖွယ် ရိုသေလေးစားစွာနဲ့ ပြုစုပါတယ်။
သူ့ဆရာဟာ ရိုးသားပြီးကြိုးစားတဲ့ ဇော်ဇော်ကို သိုင်းပညာအပြင် စာပေတွေကိုလဲ သင်ကြားပေးသတဲ့။
ဒီလိုနဲ့ လတွေကြာလာတော့ ဇော်ဇော်ဟာ တောထဲက တရိစာန်တွေနဲ့ တဖြည်းဖြည်းခင်မင်ရင်းနှီးသွားပြီး အားလပ်ချိန်မှာ သူတို့နဲ့အတူတူ အစာရှာ၊ ဆော့ကစားရင်းနဲ့ သူငယ်ချင်းအသစ်တွေလဲ ရနေသတဲ့။ ဒီလိုနဲ့ပဲ ဇော်ဇော်ဟာ သိုင်းပညာနဲ့အတူ စာပေတွေကို စုံစုံလင်လင် သင်ယူတတ်မြောက်သွားပါတော့တယ်။
တနေ့မှာတော့ သူ့ဆရာက ဇော်ဇော့်ကိုခေါ်ယူပြီး င်္ကျီလက်ရှည်နဲ့ ဘောင်းဘီပွပွတစ်စုံရယ်၊ သစ်သားဖိနပ်တစ်ရံရယ်ကို သူပညာတွေ သင်ကြားတတ်မြောက်သွားတာကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးသတဲ့။နောက်ပြီး သူ့ဆရာက
" လူလေးဟာ စိတ်ရင်းစေတနာကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး ဆရာ့ရဲ့ ပညာအမွေကို ထိုက်ထိုက်တန်တန်နဲ့ ဆက်ခံနိုင်မယ့်သူဆိုတာကို ဆရာသိပါတယ်.... ရိုးသားတယ်၊ ကြိုးစားတယ်၊ သနားကြင်နာတတ်တယ် ... ဒီလိုလူမျိုးကို ဆရာ့ရဲ့ပညာတွေကို အမွေပေးခဲ့ရလို့ အရမ်းဝမ်းသာတယ်.. ဆရာလဲ အသက်ကြီးနေပြီဆိုတော့ ဆရာ့ရဲ့ပညာအမွေ တွေကို ဆက်ခံသူကို အမွေပေးပြီးရင် သိုင်းသမားအဖြစ်ကနေ အနားယူတော့မယ်လို့ စိတ်ကူးရှိခဲ့တယ်။ "

" ခုတော့ ဘာမှ နောက်ဆံမတင်းဘဲ ဆရာသွားချင်တဲ့ ခရီးကိုကို သွားနိုင်ပြီဖြစ်လို့ မသွားခင်မှာ ဆရာ့ရဲ့အတွင်းအားတွေကို လူလေးဆီကို လွဲပြောင်းပေးခဲ့မယ်။ ဆရာသင်ပေးခဲ့တဲ့ ဒီအတတ်ပညာတွေကို အသုံးပြုပြီး လောကကြီးမှာ ကောင်းကောင်းမွန်မွန် နေထိုင်ရင်းနဲ့ မကောင်းသူပယ်၊ ကောင်းသူကယ်တဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားပါကွယ်" ဆုံးမစကားပြောပြီး သူ့ရဲ့အတွင်းအားတွေကို ဇော်ဇော်ဆီကို လွဲပြောင်းပေးပြီးတော့ နှုတ်ဆက်ထွက်ခွာသွားတော့သတဲ့။
ဇော်ဇော်ဟာ သူ့ဆရာက အဝေးကိုအပြီးထွက်သွားတဲ့အတွက် ၀မ်းနည်းနေမိပေမယ့် တောထဲက သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့သာ တောထဲမှာ ဆက်နေခဲ့ပါတယ်။ ဒီလိုနဲ့ တနေ့မှာ ဇော်ဇော်ဟာ သူ့ရဲ့ရွာကို သတိရလို့ ပြန်ဖို့ပြင်ဆင်နေတုန်း တောထဲကို စစ်ဝတ်စုံနဲ့ စစ်သားတွေ ရောက်လာတာကို တွေ့လိုက်တယ်။ သူတို့ဟာ တောရဲ့တစ်ဖက်မှာရှိတဲ့ လူဆိုးတွေနဲ့ စစ်တိုက်ဖို့ရောက်ရှိလာတာတဲ့။
နောက်နေ့တွေကစပြီးတော့ တောထဲမှာ သေနတ်သံတွေ ဆူညံနေတာပေါ့ကွယ်။
တစ်ဖက်နဲ့တစ်ဖက် ပစ်ကြခတ်ကြဆိုတော့ ဇော်ဇော်ဟာ သူ့ရဲ့သူငယ်ချင်းတွေကို ဒီစစ်ပွဲရန်ကနေ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်လို့ စဉ်းစားပြီးတော့ ရွာကိုမပြန်တော့ဘဲနဲပ သူ့ရဲ့သူငယ်ချင်းတွေကို ဘေးကင်းရာမှာ အစာရှာစားဖို့ ၊ သတိနဲ့နေထိုင်ဖို့ပြောပြီး သူတို့တွေကို ကာကွယ်စောင့်ရှောက်ပေးသတဲ့။
ရက်တွေကြာလာတာနဲ့အမျှ စစ်ဝတ်စုံတွေဝတ်ထားတဲ့ စစ်သားတွေက လူဆိုးတွေကို ဆက်မတိုက်နိုင်လောက်အောင် ရှုံးနေတဲ့အတွက် ဇော်ဇော်တို့ကို စစ်ကူပြီးတိုက်ပေးဖို့ အကူအညီတောင်းပါတယ်။ အဲဒီအတွက် ဇော်ဇော်က သူတို့ကို မေးပါတယ်..
" စစ်ကူတိုက်လို့ နိုင်သွားရင် ဒီတောထဲကနေ စစ်သားတွေအားလုံး ထွက်ခွာသွားပေးမှာလား" ဆိုတော့ စစ်သားတွေရဲ့ခေါင်းဆောင်က
" စစ်ကူတိုက်ပေးလို့ နိုင်ရင် ဒီတောမှာရှိတဲ့ စစ်သားတွေအားလုံး ထွက်ခွာသွားပေးမှာပါ စိတ်ချပါ" ဆိုပြီး ဇော်ဇော်ကို ပြန်ပြီးအဖြေပေးပါတယ်။

အဲဒါနဲ့ဇော်ဇော်နဲ့ သူ့ရဲ့တောတွင်းက သူငယ်ချင်းတွေစာ စစ်ကူတိုက်ပေးတော့ လူဆိုးတွေကို စစ်နိုင်သွားသတဲ့ကွယ်....
စစ်နိုင်သွားတော့ စစ်သားတွေကလဲ လူဆိုးတွေကို ဖမ်းဆီးပြီး သူတို့နေရပ်တွေဆီကို ပြန်သွားကြတယ်။ ဇော်ဇော်တို့ရဲ့ တောကြီးကလဲ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပုံမှန်ပြန်ဖြစ်သွားတာပေါ့။
နောက်နှစ်ရက်လောက်နေတော့ ဇော်ဇော်ကသူ့ရဲ့ရွာကို ပြန်လို့ရပြီလို့ စဉ်းစားပြီးရွာပြန်ဖို့အတွက် သူ့ရဲ့သူငယ်ချင်းတွေကို သူရွာကိုပြန်ဖို့ပြောပြပါ တယ်။ ဇော်ဇော်ကိုတောအုပ်မှာပဲ နေစေချင်နေကြတဲ့ သူ့ကိုခင်မင်တဲ့ တရိစာန်တွေဟာ ငိုကြတာပေါ့ကွယ်... ဇော်ဇော်က အရေးအကြောင်းရှိရင် သူတို့ဆီကို ချက်ချင်းပြန်လာမှာ ဖြစ်တဲ့အတွက် အားမငယ်ဖို့နဲ့ ၀မ်းမနည်းဖို့ အားပေးပြောကြားရင်းနဲ့ နှုတ်ဆက်ကာ သူ့ရဲ့ရွာကို ပြန်သွားပါတယ်။
ဒီလိုနဲ့ ဇော်ဇော်ရွာကိုပြန်သွားတဲ့အချိန်မှာ သူတို့စစ်ကူတိုက်ပေးလို့ နိုင်သွားတဲ့ စစ်သားတွေဟာ သူတို့နေထိုင်တဲ့ တောထဲကို အမဲလိုက်ဖို့ ရောက်လာပြီး တရိစာန်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ချက်ပြုတ်စားသောက်ကြသတဲ့။ တရိစာန်တွေခမျာ ကူမယ့်သူ ကယ်မယ့်သူမရှိတဲ့အတွက် ထွက်ပြေးပြီး ပုန်းနေကြရသတဲ့။ ဒါကိုဇော်ဇော့်ဆီကို ထွက်ပြေးလွတ်မြောက်လာတဲ့ မျောက်ကလေးက လာပြောပြတော့ ဇော်ဇော်ဟာ စစ်သားတွေကို အလွန်စိတ်ဆိုးသွားပြီး သူ့သူငယ်ချင်းတွေကိုလဲ အ၇မ်းစိတ်ပူသွားတာပေါ့။
ဒါကြောင့်သူဟာ တောကြီးဆီကို အမြန်ဆုံးပြန်လာပြီး အဲဒီစစ်သားတွေကို တောထဲမှာ လိုက်ရှာပြီးတိုက်ခိုက်ပါတယ်။စစ်သားတွေဟာ ဇော်ဇော့်ရဲ့ သိုင်းအစွမ်းကို မယှဉ်နိုင် တဲ့အတွက် ရှုံးနိမ့်ကြတာပေါ့။
နောက်ဆုံးမှာ သူတို့အားလုံးဟာ ဇော်ဇော့်ကို အသက်ချမ်းသာပေးဖို့တောင်းပန်ပြီး တောထဲကနေ ကြောက်ကြောက်လန့်လန့်နဲ့ အမြန်ဆုံးထွက်ပြေးသွားကြရသတဲ့။
ဒါနဲ့ဇော်ဇော်ဟာ ဖမ်းဆီးထားတဲ့ သူ့သူငယ်ချင်းတွေကို ပြန်ပြီးတော့ ရှာဖွေကယ်တင်လိုက်ပါတယ်။ ဒဏ်ရာရနေတဲ့အကောင်တွေကို ဆေးတွေထည့်ပေး၊ ဆာနေတဲ့ အကောင်တွေကို အစာတွေကျွေး၊ ရေတိုက် စသဖြင့် သူတို့ကို ပြုစုစောင့်ရှောက်ပေးသတဲ့။
တစ်ပတ်လောက်ကြာတော့ သူတို့တွေဟာ ဒဏ်ရာတွေပျောက်ကင်းသွားကြပြီး တောကြီးကလဲပုံမှန် ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် တိရစာန်တွေဟာ နောက်ထပ်သူတို့ကို ရန်ပြုမယ့်သူတွေလာမှာ စိုးတဲ့အတွက် ကြောက်လန့်ပြီး ဘယ်မှမသွားရဲကြတော့ဘဲ ကိုယ့်နေရာမှာပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေကြသတဲ့။ အရင်လိုပျော်ရွှင်စရာမကောင်း
တော့တာကို ဇော်ဇော်ကသတိထားမိသွားပြီး
"ဘာကြောင့်ဒီလိုဖြစ်ရတာလဲ.. ဒီစစ်သားတွေဆိုတာလည်း ငါတို့ကပဲ သူတို့ကိုကူညီပြီး စစ်နိုင်အောင်တိုက်ပေးခဲ့တာ.. နောက်တော့ ငါ့ရဲ့မိတ်ဆွေတွေကို ပြန်လာပြီးအနိုင်ကျင့် တယ်..အစကတော့ ဒီစစ်သားတွေကို လူကောင်းလို့ထင်ပေမယ့် သူတို့ပျော်ရွှင်ဖို့အတွက် အကာအကွယ်မဲ့တဲ့ ငါ့သူငယ်ချင်းတွေကို ဖမ်းတယ်၊ ဒဏ်ရာရအောင်လုပ်တယ်၊ ဒါကြောင့် စစ်တိုက်ကြတဲ့ စစ်သားနှစ်ဖက်လုံးက မကောင်းပါဘူး... ခုတော့ ငါ့သူငယ်ချင်းတွေမှာ ကြောက်စိတ်တွေဝင်နေပြီး သူတို့ရဲ့စိတ်က အရင်လို မလွတ်လပ်တော့ဘူး.. ငါ့ရဲ့ သူငယ်ချင်းတွေ အရင်လိုပျော်ရွှင်တဲ့ သူတို့ရဲ့ဘ၀ကို ပြန်ရနိုင်ဖို့ ငါဘာလုပ်ပေးနိုင်မလဲ"

အခြေနေတွေကို သေချာစဉ်းစားဆုံးဖြတ်ပြီးတဲ့နောက်မှာ ဇော်ဇော်ဟာ မတ်တပ်ထရပ်လိုက်ပြီး သူ့ရဲ့သူငယ်ချင်းတွေဖက်ကို လှည့်လိုက်တယ်
" သူငယ်ချင်းတို့ရေ မင်းတို့အားလုံးကို ငါပြောစရာရှိတယ်... ကျေးဇူးပြုပြီး နားထောင်ပေးကြနော်... ငါအခုပဲ ငါ့ဘ၀အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်... အဲဒါကဘာလဲဆိုတော့ မင်းတို့နဲ့အတူတူ ဒီတောထဲမှာ အမြဲတမ်းနေထိုင်သွားဖို့ပဲ" လို့ပြောလိုက်တော့ သူ့သူငယ်ချင်းတွေက ၀မ်းသာအားရဖြစ်သွားပြီး သူ့ကိုကောင်းချီးသြဘာ
ပေးလိုက်သြတဲ့....
"ဟေး" ဆိုတဲ့အသံဟာ တစ်တောလုံးကို ဟိန်းသွားပြီး အားလုံးကလဲ ပျော်ရွှင်စွာနဲ့ ကခုန်လိုက်ကြသတဲ့။

ဒီလိုနဲ့ပဲ ဇော်ဇော်ဟာ အားနွဲ့ပြီး အကာအကွယ်မဲ့နေတဲ့ သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ တောထဲက တိရစာန်တွေကို ကာကွယ်စောင့်ရှောက်ရင်းနဲ့ သူဖြစ်ချင်နေခဲ့တဲ့ လောကကို တစုံတရာ အကျိုးပြုနိုင်သော သူရဲကောင်းတစ်ယောက်အဖြစ် တောထဲမှာ သူတို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါတော့တယ်။