power kid (ပါဝါကစ်) ရည်ရွယ်ချက်
ရွေ့ပြောင်းမြန်မာအလုပ်သမားများသည် များသောအားဖြင့်အရွယ်ရောက်လာသည့် သားသမီးများကို ကျောင်းဆက်မထား နိုင်ပဲ ရရာအလုပ်ကိုလုပ်ကိုင်စေပါသည်။ ကလေးများသည်ပညာအရည်အချင်းမပြည့်ဝသောကြောင့် ကျပန်းအလုပ်များလုပ် ဆောင်ရခြင်း၊ လူပေါင်းမှား၍ ပျက်စီးခြင်းတို့ကို တွေ့ ရှိရပါသည်။ ထိုဖြစ်ရပ်များကိုဆက်လက်မဖြစ်ပွားနိုင်ရန်အတွက် တဘက်တလှမ်းမှကူညီပေးသည့်အနေဖြင့် အနုပညာကိုအသုံးပြုပြီးဝမ်းစာရှာနည်းစသည့် ပညာရပ်များကို သင်ကြားပို့ ချပေးသွားပါမည်။ အနုပညာရပ်များကို အသုံးပြုခြင်းဖြင့် ၀မ်းစာရှာစားဖွေအပိုင်းတွင် အထောက်အကူရရှိကြောင်း နှင့် အနုပညာသည် မည်ကဲ့သို့ ကျယ်ပြန့်နက်ရှိုင်း ကြောင်းကို မိဘများပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ထားပါသည်။