Picture Pal
Picture Pal ကဏ္ဍလေးသည် အင်္ဂလန်မှ Sundrone ကျောင်းနှင့် စတူဒီယိုချန်းမြန်မာရွှေ့ပြောင်းကလေးများ အနုပညာချင်း ဖလှယ်ရာမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။ Picture Pal ကဏ္ဍလေး၏ရလဒ်အနေဖြင့် အင်္ဂလန်ရှိ Sundrone ကျောင်း အဌမတန်းလူမှုရေးဘာသာရပ်၊ ဘာသာရေးသင်ခန်းစာနှင့် အမျိုးမျိုးသောအနုပညာအစီအစဉ်များတွင် မြန်မာနိုင်ငံအကြောင်း ထည့်သွင်းသင်ကြားခွင့်ရသကဲ့သို့ စတူဒီယိုချန်းမြန်မာရွှေ့ပြောင်းကလေးများအနေဖြင့်လည်း အင်္ဂလန်ရှိကျောင်းသူ/ကျောင်းသား များ၏ ဘ၀ကိုလေ့လာသင်ယူခွင့်ရရှိခဲ့ပါသည်။ စတူဒီယိုချန်းနှင့် Sundrone ကျောင်းရှိဆရာ/ဆရာမများ၏ကြိုးစားမှုဖြင့် အဆိုပါ ကဏ္ဍလေး ဖွံဖြိုးတိုးတက်လာရခြင်းဖြစ်ပါသည်။
www.sunriseandsundorne.blogspot.com