ရုပ်မြင်အနုပညာ
ရုပ်မြင်အနုပညာတွင် အဓိကအားဖြင့် အမျိုးအစား (၄)မျိုး ရှိပါသည်။ ၎င်းတို့မှာ ပုံနှိပ်ခြင်း၊ ရုပ်ပုံရေးဆွဲခြင်း၊ ဆေးခြယ်ခြင်း၊ ရုပ်ထုပြုလုပ်ခြင်းနှင့် လက်မှုပစ္စည်းပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။ ထိုအမျိုးအစားတစ်မျိုးစီသည် တိကျသော နည်းပညာတစ်မျိုးကို ဖော်ညွှန်းပါသည်။ ဥပမာအားဖြင့် ရုပ်ပုံရေးဆွဲခြင်းတွင် နေရာများ၊ အလင်းများနှင့် textureတို့ကို ဖန်တီးရန်အတွက် လိုင်းများကိုအသုံးပြုထားသဖြင့် နှစ်ဖက်မြင် ဖြစ် ပါသည်။ ဆေးခြယ်ခြင်းမှာ နှစ်ဖက်မြင်ဖြစ်သော်လည်း ထုထည်များ၊ နေရာလွတ်များနှင့် အလင်းများကို ဖန်တီးရပါသည်။ ရုပ်ထုပြုလုပ်ခြင်းသည် သုံးဖက်မြင် ဖြစ်ပါသည်။
ထိုနည်းပညာများကို နားလည်သဘောပေါက်ရန် ကိရိယာတန်ဆာပလာများနှင့် လုပ်နည်းအမျိုးမျိုးကိုအသုံးပြုနိုင်ပါသည်။ လုပ်နည်းအမျိုးမျိုးဆိုသည်မှာ အနုပညာရသမြောက်သော ဖော်ပြချက်ပုံစံ (ဥပမာ -ဆေးခြယ်ခြင်း၊ ရုပ်ထုပြုလုပ်ခြင်း )စသည်တို့  ဖြစ်ပါသည်။ ကိရိယာတန်ဆာပလာများဆိုသည်မှာ ပုံရေးဆွဲရန်၊ ဆေးခြယ်ရန်၊ ရုပ်ထုများပြုလုပ်ရန် အသုံးပြုသော ပစ္စည်းကိရိယာများ ဖြစ်ပါသည်။