"အိမ်မက်များဆီသို့ ပျံသန်းခြင်း” ရုပ်ကြွဇာတ်လမ်း
"အိမ်မက်များဆီသို့ ပျံသန်းခြင်း” ရုပ်ကြွဇာတ်လမ်းလေးသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာရောက်နေထိုင်ကြသော ရွှေ့ပြောင်းလူငယ် သုံးဦးမှ ဖန်တီးထားခြင်းဖြစ်ပါသည်။ ထိုလူငယ်သုံးဦးသည် မြန်မာနိုင်ငံ၏ မတူညီသော နေရာဒေသအသီးသီးမှ ရောက်ရှိလာကြပြီး လူမျိုးများလည်း မတူညီကြချေ။ အဆိုပါလူငယ်သုံးဦးထဲမှ နှစ်ယောက် သည် စတူဒီယိုချန်းအနုပညာသင်တန်း ပထမအသုတ်တွင် တက်ရောက်ခဲ့ကြသူများဖြစ်ပါသည်။ အဆိုပါဇာတ်လမ်းလေးသည် နောက်ခံစကားပြောသူ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါသည်။ စာရေးသူများသည် ဇာတ်လမ်းထဲမှ အိမ်မက်လေး ကို ရှမ်းရိုးရာဘာသာရေး တေးသီချင်းတစ်ပုဒ်မှ အကြောင်းအရာတစ်ခုအား ကိုးကား၍ ပြန်လည်ဆန်းသစ်ထားခြင်းဖြစ်ပါသည်။
ရုပ်ပုံများကို ဖလင်ပြားပေါ်တွင် အကြမ်းရေးခြစ်ပြီး ဖရိုဂျက်တာဖြင့် ထိုးကြည့်ပါသည်။ ပရိုဂျက်တာတွင် ပေါ်လာသောပုံကိုမှ ဗီဒီယိုရိုက်ထားခြင်းဖြစ်ပါသည်။ စာရေးသူများသည် မိမိတို့၏ ကိုယ်တွေ့ဖြစ်ရပ်အကြောင်းအရာကို ဇာတ်လမ်းလေးသဖွယ် ဖန်တီးရေးသားထားပြီး ကိုယ်တိုင်အသံသွင်း ထားခြင်းဖြစ်ပါသည်။ စာရေးဖန်တီးသူများအားလုံးအနေဖြင့် အတွေ့အကြုံသစ် တစ်ခုဖြစ်ပြီး စတူဒီယိုချန်း၏ ပထမဦးဆုံးရုပ်ကြွဇာတ်လမ်း အစီအစဉ်တစ်ခုလည်းဖြစ်ပါသည်။
အဆိုပါ အနုပညာ၏ရလဒ်အနေဖြင့် ရွှေ့ပြောင်းလူငယ်များ၏ အတွေ့အကြုံများကို ထည့်သွင်း၍ လူအများသိရှိနိုင်စေရန် အတူတကွအသံလွှင့်နိုင်ခြင်းဖြစ်ပါသည်။ ကမ္ဘာတ၀န်းတွင်ရှိကြသော ရွှေ့ပြောင်းကလေးငယ်အများစုသည် အခြေအနေ မဲ့မှုကြောင့် အခြေခံလူ့အခွင့်အရေးရရှိမှု အားနည်းနေပြီး လူအများ၏ခွဲခြားဆက်ဆံမှုဒဏ်များကိုလည်း ခံစားနေကြရပါသည်။ ထို့ပြင် ၎င်းတို့၏အနာဂတ်ဘ၀များသည်လည်း မရေမရာဝိုးတိုးဝါးတားဖြစ်နေပါသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါကလေးများကို အခြား ကလေးများနည်းတူ ဆက်ဆံသင့်ပါသည်။ အဆိုပါကလေးများသည်လည်း ၎င်းတို့ကြီးပြင်းလာသည့်အခါတွင် ၎င်းတို့၏ ဘ၀အဖြစ်အပျက်များကို ပြန်လည်သတိရနေမည် ဖြစ်ပါသည်။
ဤအနုပညာဖန်တီးမှုလေးကို ဆိတ်ငြိမ်အေးချမ်းသောနေရာတွင်ပြုလုပ်နိုင်သော်ငြားလည်း အဆိုပါကလေးများ၏ ဘ၀ အတွေ့အကြုံများသည် ထိုကဲ့သို့မဟုတ်ပါ။ အခြားသူများ၏ခွဲခြားဆက်ဆံမှုကိုခံရခြင်း၊ မိသားစုများနှင့် ခွဲခွာနေထိုင်ရခြင်း အစရှိသည်များကို ခံစားခဲ့ရပါသည်။ စာရေးသူများ၏ လုံခြုံမှုအတွက် ၎င်းတို့၏အမည်မှန်များကို အသုံးမပြုထားခြင်းဖြစ်ပါသည်။
စတူဒီယိုချန်းသည် မိမိတို့၏ခံစားချက်များကို ဖော်ထုတ်တင်ပြနိုင်ရန်အတွက် အနုပညာကို လက်နက်သဖွယ်အသုံးပြုခြင်း ဖြစ်ပါသည်။
ဇာတ်လမ်းလေးထဲမှ ဇာတ်ကောင် ကောင်လေးသည် လွန်ခဲ့သော ( ၈) နှစ်က စတူဒီယိုဇန်း၏ပထမဆုံးအသုတ် အနုပညာ သင်တန်းတွင် တက်ရောက်ခဲ့ပါသည်။ ဇာတ်ကောင်သည် တောထဲတွင်ဖြတ်သန်းခဲ့ရသော သူ၏ငယ်ဘ၀ အကြောင်းအရာများကို သတိတရရှိနေပါသည်။ အဆိုပါ ရုပ်ကြွဇာတ်လမ်းလေးသည် သူ့ဘ၀၏ အတွေးပုံရိပ်ထဲတွင် မှတ်မိနေသော ပထမဆုံး အကြောင်းအရာလေးဖြစ်ပါသည်။ အဆိုပါရုပ်ကြွဇာတ်လမ်းကို ဖန်တီးခြင်းဖြင့် စာရေးသူဇာတ်ကောင် ကောင်လေး၏ စိတ်ခံစားချက်ကို လူအများအား မျှဝေပေးရာရောက်သကဲ့သို့ အထီးကျန်ဆန်သောသူ့ဘ၀ကို ကျော်လွှားနိုင်စေရန် ပံ့ပိုး ပေးရာလည်း ရောက်ပါသည်။ စာရေးသူကောင်လေးသည် လွန်ခဲ့သော ၁၀ နှစ်ခန့်မှသူ့ဘ၀၏ အကြောင်းအရာလေးတစ်ခုကို နောက်ထပ်ရုပ်ကြွဇာတ်လမ်းလေးတစ်ခုအဖြစ်ဖန်တီးမည်ဖြစ်ပါသည်။ ထို့ကြောင့် ရုပ်ကြွဇာတ်လမ်းလေး၏အဆုံးတွင် ဆက်ရန်ရှိသေးသည် ဟုရေးသားထားခြင်းဖြစ်ပါသည်။
ဒုတိယရုပ်ကြွဇာတ်လေးကို သြဂုတ်လ နှင့် စက်တင်ဘာလ 2011 အတွင်းတွင် ဖန်တီးမည်ဖြစ်ပြီး စတူဒီယိုချန်း၏ blog ပေါ်တွင်ကြည့်ရှုခံစားနိုင်ရန် ပြသထားမည်ဖြစ်ပါသည်။ အဆိုပါ ရုပ်ကြွဇာတ်လမ်းလေးသည် “Freedom to Create Prize 2011” အတွက် တင်ဆက်ထားခြင်းဖြစ်ပါသည်။