တနေ့မှာတော့ စံပယ်ဆိုတဲ့မိန်းကလေးဟာ တောထဲကို အလည်သွားဖို့ရောက်သွားတော့ တောကြီးဟာ တိတ်ဆိတ် နေတာပဲတဲ့။ ဘာအသံမှတောင် မကြားရလောက်အောင်ကို ဖြစ်နေတဲ့အချိန်မှာ စံပယ်ဟာ စကားပြောတတ်တဲ့ ယုန် ကလေးတစ်ကောင်နဲ့တွေ့တယ်။ စံပယ်က ယုန်လေးကိုမေးလိုက်ပါတယ်
“ဒီနားမှာလူနေအိမ် တစ်အိမ်လေများရှိသလား” ဆိုတော့ ယုန်က
“ရှိပါတယ် အရှေ့ဖက်ကို တန်းတန်းသွားရင် ညာဖက်မှာ လူနေအိမ်ကို တွေ့ပါလိမ့်မယ်” ဆိုပြီး သူ့လမ်းပြပေးလိုက်ပါ တယ်။
“ဒီနားမှာလူနေအိမ် တစ်အိမ်လေများရှိသလား” ဆိုတော့ ယုန်က
“ရှိပါတယ် အရှေ့ဖက်ကို တန်းတန်းသွားရင် ညာဖက်မှာ လူနေအိမ်ကို တွေ့ပါလိမ့်မယ်” ဆိုပြီး သူ့လမ်းပြပေးလိုက်ပါ တယ်။
စံပယ်လဲသွားရင်းနဲ့ အဖိုးကြီးနဲ့ အဖွားကြီးနှစ်ယောက်ပဲရှိတဲ့ အိမ်တစ်အိမ်ကို ရောက်သွားပါတယ်။ သူတို့ဟာ အရမ်းနဲ့ဆင်းရဲပါတယ်။ စံပယ်ကပြောတယ်
“အဖိုးနဲ့အဖွား သမီးဒီမှာခဏလောက်နားပါစေ” ဆိုတော့ သူတို့က
“အေးအေးရပါတယ် နားပါ” လို့ သူ့ကိုခွင့်ပေးပါတယ်။
“အဖိုးနဲ့အဖွား သမီးဒီမှာခဏလောက်နားပါစေ” ဆိုတော့ သူတို့က
“အေးအေးရပါတယ် နားပါ” လို့ သူ့ကိုခွင့်ပေးပါတယ်။
ဒါနဲ့စံပယ်က သူတို့အတွက်
ရေချိုးဖို့ ရေတွေခပ်ပေး၊ စားဖို့သစ် သီးတွေကို တောထဲမှာရှာပေး အဲဒီလိုကူညီပေးရင်းနဲ့ ရင်းနှီးသွားတော့ နောက်ပိုင်းမှာ
စံပယ်ကသူတို့နဲ့ပဲ အတူနေပါ တော့တယ်။ စံပယ်ရဲ့နေ့စဉ်အလုပ်ကတော့ အဖိုးနဲ့အဖွားအတွက်
သုံးစရာတွေ ရေတွေခပ်ပေးတယ်၊ စားဖို့ သစ်သီးဝ လံတွေကို တောထဲမှာ သွားခူးပေးပါတယ်။

တနေ့ကျတော့ အဖွားက စံပယ့်အတွက် အင်္ကျီတစ်စုံချုပ်ပေးပါတယ်။ ချုပ်ပြီးတဲ့အခါမှာ စံပယ်ကိုပေးမယ်ဆိုတော့ စံပယ်ကတောထဲမှာရောက်နေတဲ့အချိန်ဖြစ်တဲ့အတွက် ပြန်လာမှ ပေးမယ် ဆိုပြီး အိတ်ထဲကို ထည့်ပြီးတော့ အဖွါးအိုက သိမ်းထားလိုက်ပါတယ်။သစ်သီးဝလံတွေကိုသွားရှာနေတဲ့စံပယ်ဟာ
အိမ်ကိုပြန်လာတဲ့အချိန်မှာ အဖိုးအဖွါးတို့ကို မတွေ့ရတော့ပါဘူး။
သူတို့ကပျောက်သွားပါတယ်။
စံပယ်ကတောထဲမှာ လိုက်ရှာရင်းနဲ့
ယုန်ကလေးကိုလည်းမေးတယ်၊ အခြားအကောင်တွေကိုလည်းမေးပါတယ်။ သူတို့တွေလည်းမတွေ့မိ ဘူးဖြစ်နေကြတယ်။
အဲဒါနဲ့နောက်ဆုံးမှာ ခြင်္သေ့တစ်ကောင်ကိုထပ်တွေ့တော့ စံပယ်က
“အဖိုးအိုတို့ကိုတွေ့မိလား”
လို့မေးလိုက်ပါတယ်။ ခြင်္သေ့က
“တွေ့ပါတယ် တောထဲကအိမ်ကြီးကြီးမှာ ရှိနေတယ်” လို့ပြောတော့ စံပယ်ကလိုက်သွားပြီးရှာပါတယ်။
“တွေ့ပါတယ် တောထဲကအိမ်ကြီးကြီးမှာ ရှိနေတယ်” လို့ပြောတော့ စံပယ်ကလိုက်သွားပြီးရှာပါတယ်။
ဒါပေမယ့် အဖိုးအိုတို့ဟာ
ဆုံးသွားပြီဖြစ်တဲ့အတွက် စံပယ်ဟာ အရောက်နောက်ကျခဲ့ပါတယ်။ ဒါနဲ့စံပယ်လေးတစ်ယောက်
ဝမ်းနည်းလွန်းလို့ ငိုသတဲ့။ သူ့စိတ်ထဲမှာလဲ ပြောနေမိပါတယ်။
“အဖိုးတို့ကို သတ်သွားတဲ့သူတွေကို သမီးမတွေ့တွေ့အောင်လိုက်ရှာမယ်” ဆိုပြီးတော့ပေါ့။
“အဖိုးတို့ကို သတ်သွားတဲ့သူတွေကို သမီးမတွေ့တွေ့အောင်လိုက်ရှာမယ်” ဆိုပြီးတော့ပေါ့။
နောက်အိမ်မှာ
မလိုအပ်တဲ့ပစ္စည်းတွေကို ရှင်းပစ်ဖို့အတွက် ပစ္စည်းတွေကို သိမ်းတဲ့အခါမှာ
အဖွားချုပ်ထားခဲ့တဲ့ အင်္ကျီ နဲ့ဘောင်းဘီကို စံပယ်က တွေ့သွားခဲ့တော့
သိမ်းထားလိုက်ပါတယ်။
အဲဒါအတွက် စံပယ်ဟာ စပြီးပြင်ဆင်ပါတယ်။ ကံကောင်းချင်တော့ တောထဲမှာ ရသေ့တစ်ပါးနဲ့တွေ့ပြီး ရသေ့ကိုအကျိုး အကြောင်းပြောပြတော့ ရသေ့က “မိန်းကလေး
နောက် ၇ လနဲ့ ၇ ရက်တိတိမှာ သူတို့နဲ့တွေ့ဖို့အတွက် မင်းသူတို့ကို
ရှာဖွေနိုင်လိမ့်မယ်” ဆိုပြီးပြောပါ တယ်။ ဒါနဲ့စံပယ်လဲ သိုင်းဆရာကြီးတစ်ယောက်ဆီမှာ
သိုင်းပညာတွေကိုသာ ကြိုးစားပြီးသင်ယူပါတယ်။ ပညာတွေစုံသွားတော့ အဖိုးတို့ကို သတ်သွားတဲ့ရန်သူတွေကို ရှာဖွေဖို့ အတွက် ထွက်လာခဲ့သတဲ့။
အဖိုးတို့အိမ်ကို စံပယ်က အရင်သွားခဲ့ပြီး ဂါရ၀ပြုပါတယ်။
စံပယ်က
အိမ်ကိုမီးရှို့လိုက်တဲ့အခါ မီးခိုးတွေ က ကောင်းကင်ပေါ်ကိုတက်သွားပြီး ဒါတွေကို
လူဆိုးတွေက တွေ့သွားပါတယ်။
အဖိုးအိုတို့အိမ်ရှိတဲ့ဆီကို လူဆိုးတွေ လိုက်လာပေမယ့် စံပယ်က ပုန်းနေလိုက်တော့
သူတို့က ဘယ်သူ့ကိုမှ မတွေ့ရတော့
“ဟေ့ ဒါရသေ့ပဲဖြစ်မယ်၊ သူ့ဆီကိုပဲသွားမယ်” ဆိုပြီး ပြောတယ်။
“ဟေ့ ဒါရသေ့ပဲဖြစ်မယ်၊ သူ့ဆီကိုပဲသွားမယ်” ဆိုပြီး ပြောတယ်။
ဒီလိုနဲ့ နောက်မှာတော့ လူဆိုးတွေက လမ်းအတိုင်းလာကြပါတယ်။
စံပယ်ကကြားသွားတော့ စံပယ်ကပဲရသေ့ဆီကို ဖြတ်လမ်းကနေ အရင်ဆုံးသွားပြီး လမ်းမှာထောင်ခြောက်တွေကို လုပ်ထားခဲ့ပါတယ်။ တောထဲမှာရှိတဲ့ အကောင်တွေ ကလဲ စံပယ့်ကိုဝိုင်းကူညီပေးကြပါသတဲ့။
ဒီလိုနဲ့ နောက်မှာတော့ လူဆိုးတွေက လမ်းအတိုင်းလာကြပါတယ်။ သူတို့ တွေဟာ လမ်းမှာထောင်ခြောက်တွေမိပြီး ဒဏ်ရာရတဲ့သူတွေကရ၊ လဲကျကုန်တဲ့သူတွေက လဲကျနဲ့ ဖြစ်ကုန်ပါတယ်။
အဲဒီအချိန်မှာ စံပယ်က ရသေ့ကိုတောထဲက အကောင်တွေနဲ့ ခေါ်သွားခိုင်းပါတယ်။
“နင်တို့တွေအခြားနေရာမှာ သွားပုန်းနေကြပါ။ ငါဒီလူဆိုးတွေကို ရင်ဆိုင်မယ်” ဆိုပြီးပြောတဲ့အခါမှာ သူတို့ကလဲ
“အေး ကောင်းပြီ သူငယ်ချင်းစံပယ် ကောင်းကောင်းဂရုစိုက်ပါ” ဆိုပြီး ထွက်သွားလိုက်ကြပါတယ်။ ဒါနဲ့စံပယ်က သူတို့ နဲ့ တိုက်ခိုက်ဖို့အတွက် အဖိုးတို့အိမ်မှာတွေ့ခဲ့တဲ့ ၀တ်စုံကိုဝတ်ပြီး လူဆိုးတွေနဲ့ သွားတိုက်ခိုက်ပါတယ်။

လူဆိုးတွေက အများကြီးပါပဲ။ တိုက်ရင်းတိုက်ရင်းနဲ့အင်အားက မမျှဖြစ်နေတော့ တစ်ယောက်ထဲဖြစ်နေတဲ့စံပယ်ကို ကျားတွေဆင် တွေကလဲ လာပြီးကူညီကြပါတယ်။
ဘယ်လောက်တိုက်ပေမယ့်လဲ
လူဆိုးဗိုလ်ကြီးက အရမ်းတော်နေသတဲ့။ အကောင် တွေနဲ့ စံပယ်ပေါင်းပြီး
သူ့ကိုဝိုင်းတိုက်ခိုက်တာတောင် မရပါဘူး။ ဒါနဲ့လက်နက်ကိုသုံးပြီး
တိုက်ရင်းတိုက်ရင်းနဲ့ နောက်ဆုံးမှာတော့ စံပယ်တို့က သူတို့ကိုနိုင်သွားပါတယ်။
လူဆိုးတွေကို
ကြိုးတွေနဲ့ချည်ထားလိုက်ပြီး မြို့ပေါ်က ရဲဆီကိုပို့ပြီးတော့ ထောင်ချလိုက်ပါတယ်။
ပြီးတော့စံပယ်က
တောအုပ်လေးထဲကို ပြန်လာပြီး အရှင်ရသေ့ ကို အလုပ်အကျွေးပြုရင်းနဲ့ တောထဲက
သူငယ်ချင်းတွေနဲ့အတူ ကောင်းမှုကုသိုလ်တွေလုပ်ရင်း သတ္တ၀ါတွေအားလုံး အပေါ်ကို
မေတ္တာအပြည့်နဲ့ စိတ်ကောင်းစေတနာကောင်းကိုသာအမြဲထားရင်းနဲ့ အသက်ဆုံးတိုင်
နေထိုင်သွားပါတော့ တယ်။