တခါက မချစ်ခင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ မြို့ကိုသွားဖို့ တောအုပ်လေးကိုဖြတ်ပြီး လမ်းလျှောက် လာပါတယ်။ တောလမ်းတစ်နေရာမှာတော့ သူဟာလူဆိုးတွေကို တွေ့လိုက်ရပါတယ်။ လူဆိုးတွေက တောထဲမှာ အစာရှာစားတဲ့သူတွေကို
“ဒီသစ်တောဟာ ငါတို့ရဲ့သစ်တောအပိုင်ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးဘူး။ ၀င်တဲ့သူတွေအားလုံးကို ဖမ်း မယ်” လို့ပြောပြီး လူတချို့ကိုလဲ ဖမ်းထားပါတယ်။
“ဒီသစ်တောဟာ ငါတို့ရဲ့သစ်တောအပိုင်ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးဘူး။ ၀င်တဲ့သူတွေအားလုံးကို ဖမ်း မယ်” လို့ပြောပြီး လူတချို့ကိုလဲ ဖမ်းထားပါတယ်။
သူတို့ဟာ
မချစ်ခင်ကိုလဲ တွေ့သွားတဲ့အတွက် ဖမ်းဖို့ပြေးလာပါ တယ်။ မချစ်ခင်က ဒါတွေကို
တွေ့ပြီး ကြောက်လန့်သွားတာနဲ့ လူဆိုးတွေနဲ့ဝေးရာကို ထွက်ပြေးပါတယ်။ လူဆိုးတွေက
လည်း မချစ်ခင်ကို ဖမ်းမိဖို့အတွက် သူ့နောက်ကနေဆက်ပြီး လိုက်နေသတဲ့။
ပြေးနေရင်းနဲ့
တနေရာကိုရောက်တော့ မချစ်ခင်ဟာ သူတို့မမြင်အောင် သစ်ပင်တစ်ပင်ပေါ်ကိုတက်ပြီး
ပုန်းနေဖို့ အကြံရလိုက်ပါတယ်။
သူဟာသစ်ပင်တစ်ပင်ပေါ်ကို တက်ပြီးပုန်းနေလိုက်ပါတယ်။ သစ်ပင်ပေါ်ရောက်တော့ အဲဒီမှာ အဖိုးကြီးနဲ့အဖွားကြီးတို့ နှစ်ယောက်ကို မချစ်ခင်ကတွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်ကလည်းပဲ အဲဒီလူဆိုးတွေရဲ့ ရန်ကိုကြောက်လို့ဆို ပြီးတော့ သစ်ပင်ပေါ်မှာ တက်ပုန်းနေတာလို့ မချစ်ခင်ကိုပြောပြပါတယ်။
သူဟာသစ်ပင်တစ်ပင်ပေါ်ကို တက်ပြီးပုန်းနေလိုက်ပါတယ်။ သစ်ပင်ပေါ်ရောက်တော့ အဲဒီမှာ အဖိုးကြီးနဲ့အဖွားကြီးတို့ နှစ်ယောက်ကို မချစ်ခင်ကတွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်ကလည်းပဲ အဲဒီလူဆိုးတွေရဲ့ ရန်ကိုကြောက်လို့ဆို ပြီးတော့ သစ်ပင်ပေါ်မှာ တက်ပုန်းနေတာလို့ မချစ်ခင်ကိုပြောပြပါတယ်။
သူတို့ ၃ ယောက်ဟာ အဲဒီအပင်ပေါ်က လိုဏ်ခေါင်းအပေါက်လေးထဲမှာ ၀င်ခိုပြီး နေနေရင်းနဲ့ လူဆိုးတွေရဲ့ ရန်ကနေ ပုန်းအောင်းနေသတဲ့။ လူဆိုးတွေ အဝေး ကြီးကို ရောက်တော့ သူတို့ ၃ ယောက်ဟာ ခရီးဆက်ဖို့အတွက် သစ်ပင်ပေါ်ကဆင်းပြီး မြို့ကိုဆက်ပြီး ခရီးဆက်ခဲ့သ တဲ့။ ဒါပေမယ့် မချစ်ခင်တို့ကို လူဆိုးတွေက တွေ့သွားပြီး သူတို့နောက်ကိုခြေရာခံပြီးတော့ လိုက်လာတာကို မချစ်ခင် တို့က မသိခဲ့ပါဘူး။
ဒီလိုနဲ့
မြို့နဲ့နီးတဲ့ရွာလေးတစ်ရွာကိုရောက်တော့ မချစ်ခင်တို့ ၃ ယောက်ဟာ မြို့ကိုသွားမယ့်
ကားနဲ့လမ်းကြုံလိုက်ပြီး ကားပေါ်မှာ တက်စီးလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ
လူဆိုးတွေက ရွာမှာရှိတဲ့ ရွာသူရွာသားတွေကို အနိုင်ကျင့်ပြီး ပစ္စည်းတွေကို
လုယက်နေပါတယ်။ သူတို့မှာရှိတဲ့ ရွှေငွေတွေကို မပေးရင်
အကုန်လုံးကိုသတ်မယ်လို့ပြောပါတယ်။ တစ်ချို့လူဆိုးတွေကျတော့ ဈေးထဲကိုသွားပြီး
သူများတွေရဲ့ပိုက်ဆံတွေကို ရယူဖို့အတွက် ခါးပိုက်နှိုက်ကြပါတယ်။
တစ်ချို့လူဆိုးတွေကတော့ ရဲဝတ်စုံတွေကိုဝတ်ပြီး ရဲလိုအယောင်ဆောင်ပြီးတော့
ခရီးသွားတွေနဲ့ ကားတွေကို လုယက်ဖို့တားဆီးတာတွေကို လုပ်သတဲ့။
ဖြစ်ချင်တော့ သူတို့လှမ်းတားတဲ့ကားမှာ မချစ်ခင်တို့ပါသတဲ့။ မချစ်ခင်က ရဲကိုမြင်တော့
“ဒီရဲတစ်ယောက်ဟာ ငါတောထဲမှာတွေ့ခဲ့တဲ့ လူဆိုးပဲ၊ ဘယ်လိုဖြစ်ပြီးတော့ ဒီကိုရောက်နေတာလဲ” လို့စဉ်းစားလိုက်ပြီး သူ့ရဲ့ ပတ်ဝန်းကျင်တွေကိုပါ လှည့်ပတ်ကြည့်လိုက်တော့ တခြားနေရာတွေမှာလဲ လူဆိုးတွေကို သူတွေ့လိုက်ရသတဲ့။
“ဒီရဲတစ်ယောက်ဟာ ငါတောထဲမှာတွေ့ခဲ့တဲ့ လူဆိုးပဲ၊ ဘယ်လိုဖြစ်ပြီးတော့ ဒီကိုရောက်နေတာလဲ” လို့စဉ်းစားလိုက်ပြီး သူ့ရဲ့ ပတ်ဝန်းကျင်တွေကိုပါ လှည့်ပတ်ကြည့်လိုက်တော့ တခြားနေရာတွေမှာလဲ လူဆိုးတွေကို သူတွေ့လိုက်ရသတဲ့။
“အင်း
ဒီအတိုင်းဆိုရင် ငါသူတို့ကို ရင်ဆိုင်မှဖြစ်တော့မယ် သို့မဟုတ်ရင် ဒီရွာမှာရှိတဲ့
လူတွေအားလုံး ဒုက္ခမျိုးစုံခံစား ရပြီး ဆင်းဆင်းရဲရဲနဲ့ နေနေရလိမ့်မယ်” လို့
စဉ်းစားထားလိုက်ပြီး ကားပေါ်မှာရှိတဲ့သူအားလုံးကို အကျိုးအကြောင်း ပြောပြလိုက်သတဲ့။
ကားပေါ်မှာရှိတဲ့သူတွေအားလုံးနဲ့
ဒီလူဆိုးတွေကို အတူတကွ ရင်ဆိုင်ကြဖို့ မချစ်ခင်ကပြောတော့ အားလုံးက သဘောတူလက်ခံတယ်။
ဒါကြောင့် သူတို့ဟာ လူဆိုးတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြသတဲ့။
ဒါကြောင့်
သူတို့ဟာ လူဆိုးတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြသတဲ့။ လူဆိုးတွေက ကားကိုတားတဲ့အခါ
ကားမရပ်ပေးဘဲ အရှိန်ပြင်းပြင်းနဲ့မောင်းတော့ လမ်းပေါ်က ရဲအယောင်ဆောင်ထားတဲ့
လူဆိုးတွေ ဟာ ဖရိုဖရဲနဲ့ လမ်းဘေးဖက်ကို ခုန်ပြီးရှောင်လိုက်ရသတဲ့။
လူဆိုးတွေလဲကျနေတဲ့အချိန်မှာ ကားပေါ်က မချစ်ခင်နဲ့ အတူ ခရီးသည်တွေဟာ အမြန်ဆင်းလာကြပြီး
လူဆိုးတွေနဲ့ တိုက်ခိုက်ကြပါတယ်။
နောက်ဆုံးမှာတော့
ရဲအယောင်ဆောင်ထားတဲ့ လူဆိုးတွေဟာ ရှုံးနိမ့်သွားသတဲ့။ မခင်ချစ်တို့အုပ်စုဟာ
လူဆိုးတွေအား လုံးကို ရင်ဆိုင်တိုက်ခိုက်တာ နောက်ဆုံးမှာ လူဆိုးဗိုလ်ကြီး
တစ်ယောက်ပဲ ကျန်ပါတော့တယ်။
ဒီလူဆိုးဗိုလ်ကို
မချစ်ခင်တို့က ဖမ်းပြီးမြို့မှာရှိတဲ့ ရဲစခန်းကို သွားရောက်အပ်နှံလိုက်ကြပါတယ်။
ဒီလိုနဲ့မကောင်းမှုတွေကို လုပ်စားနေ တဲ့၊ သူများတကာတွေကို အနိုင်ကျင့်တဲ့သူတို့တွေဟာ
နောက်ဆုံးမှာတော့ အမိုက်ဇာတ်သိမ်းသွားတော့တယ်။
မချစ်ခင်ကတော့
ဒီလိုလူဆိုးတွေကို အောင်နိုင်ခဲ့တာဟာ အားလုံးက ညီညီညွတ်ညွတ်နဲ့
တွန်းလှန်ရင်ဆိုင်ခဲ့လို့ ညီညွတ်ခြင်းရဲ့စွမ်းအားနဲ့ အောင်နိုင်ခဲ့တာပဲလို့
စဉ်းစားရင် ညီညွတ်ခြင်းဟာ အင်အားဆိုတဲ့ သင်ခန်းစာတစ်ခုကို ရရှိလိုက်ပါတယ်။
မြို့ကိုရောက်တော့
သူတို့အားလုံးဟာ ကိုယ်သွားရမယ့်နေရာတွေဆီကို အသီးသီးနှုတ်ဆက်ကြပြီး
ထွက်ခွါသွားပါတော့တယ်။
မချစ်ခင်တစ်ယောက်ကတော့
လူဆိုးတွေနဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့အတွက် လူဆိုးတွေလို
ပြုလုပ်တဲ့အမူအကျင့်ရှိသူတွေကို မိတ်ဆွေမလုပ်ဘဲ စိတ်ထားကောင်းပြီး သူများတွေကို
ကူညီရိုင်းပင်းတဲ့ ရိုးရိုးသား သားနဲ့ နေထိုင်စားသောက်တဲ့သူတွေကိုသာ
ထာဝစဉ်မိတ်ဆွေဖွဲ့ပြီးနေသွားပါတော့တယ်။